ကမ္ဘာ့ကပ်ဘေး Covid -19 ရောဂါကြောင့် ကျဆင်းလာတဲ့ မြန်မာ့စီးပွားရေးကို ပြန်ကုစားဖို့ ကြိုးပမ်းနေချိန်မှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် အလုံးစုံပျက်သုန်းခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အကြာမှာ မြန်မာ့စီးပွားရေးဟာ တဖြည်းဖြည်း ဆိုးဝါးလာနေပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေကလည်း အားလုံးနီးပါး ရပ်ဆိုင်းနေခဲ့ပါပြီ။
အခုပြည်တွင်းမှာ စက်သုံးဆီ ပြတ်လပ်တာ၊ CNG သဘာဝဓာတ်ငွေ့ ပြတ်လပ်တာနဲ့ ဆေးဝါးတွေ အဆမတန် ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်
ဒါဟာ ကိုင်တွယ်နိုင်စွမ်းမရှိတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ လွဲမှားတဲ့ မူဝါဒနဲ့ ကန့်သတ်ချက်တွေကြောင့်ဖြစ်တယ်လို့ ပြစ်တင်ဝေဖန်နေကြပါတယ်။
အခုတစ်ပတ်ရဲ့ Mizzima Editorial Talk အစီအစဉ်မှာတော့ “ကပ်ဘေးဆိုက်လာတဲ့ မြန်မာ့စီးပွားရေး အခြေအနေ” တွေနဲ့ ပတ်သက်လို့ သတင်းခန်းစီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့အတူ နောင်နောင်တို့က ဆွေးနွေးထားပါတယ်။