သေဒဏ်ပေးခြင်းအပေါ် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ ရှုတ်ချ

သေဒဏ်ပေးခြင်းအပေါ် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ ရှုတ်ချ

ဇူလိုင်လ ၂၅ ရက်

နှစ် ၃၀ ကျော်တွင် ပထမဆုံးဖြစ်လာသည့် နိုင်ငံရေးအကျဉ်းသား လေးဦးကို သေဒဏ်ပေးစီရင်လိုက်ခြင်းအပေါ် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့ (HRW) က ပြစ်တင်ရှုတ်ချလိုက်သည်။

ဦးဖြိုးဇေယျာ်သော် (အသက် ၄၁ နှစ်)၊ ဦးကျော်မင်းယု (ခ) ဦးဂျင်မီ (အသက် ၅၃ နှစ်)၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို နိုင်ငံတကာစံမမီသော တံခါးပိတ်တရားခွင်က အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

စစ်ခုံရုံးက ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီတို့ကို ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ၂၀၁၄ ခုနှစ် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ သေဒဏ်ပေးခဲ့သည်။ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို စစ်တပ်ဒလန်တစ်ဦးကို သတ်ဖြတ်သည်ဟု စွပ်စွဲကာ ဧပြီလ ၂၀၂၁ ခုနှစ်တွင် ပြစ်မှုကျူးလွန်သည်ဟု ထုတ်ပြန်ခဲ့သည်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ၎င်းတို့အနေဖြင့် ရက်စက်ကြမ်းကြုတ်သော နိုင်ငံအားလုံးတွင် မည်သည့်အခြေအနေတွင်မဆို သေဒဏ်ပေးခြင်းကို ဆန့်ကျင်ကြောင်းနှင့် မြန်မာတွင် သေဒဏ်ပေးမှုကို အဆုံးသတ်ရန် ကာလတာရှည် တောင်းဆိုနေခဲ့သည်ဟု ဆိုသည်။

HRW အဖွဲ့၏ ယာယီ အာရှညွှန်ကြားရေးမှူး အီလိုင်း ပီယာဆန်က " မြန်မာစစ်အုပ်စုက လူလေးဦးကို သေဒဏ်ပေးလိုက်တာဟာ တကယ်ကိုပဲ ရက်စက်တဲ့ကိစ္စပဲ။ ကိုဂျင်မီနဲ့ အတိုက်အခံလွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်တို့အပါအဝင် ဒီစီရင်မှုတွေဟာ မတရားဘူး၊ ပြီးတော့ စစ်ခုံရုံးတွေဟာ နိုင်ငံရေးအရဆုံးဖြတ်လုပ်ကိုင်တာ။" ဟု ဆိုသည်။

ကြောက်စရာသတင်းဆိုးအပြင် ကာယကံရှင်မိသားစုတွေကို စစ်အုပ်စုက အသိပေးရန် ပျက်ကွက်ခဲ့ခြင်းလည်း ဖြစ်ခဲ့သေးသည်။ မိသားစုများအနေဖြင့် မီဒီယာသတင်းများ ပါမှသာလျှင် ပြစ်ဒဏ်စီရင်မှုနှင့်ပတ်သက်၍ သိရှိခဲ့ကြရသည်။

" စစ်အုပ်စုရဲ့ရိုင်းစိုင်းမှုနဲ့ လူ့အသက်ကိုအလေးမထား ယုတ်မာမှုက အာဏာသိမ်းတာကို ဆန့်ကျင်တဲ့တော်လှန်ရေးကို သွေးအေးသွားစေချင်လို့ဖြစ်တယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ ယူနိုက်တက်စတိတ်နဲ့ တခြားသော အစိုးရတွေအနေနဲ့ စစ်အုပ်စုရဲ့ ရာဇဝတ်မှုကျူးလွန်နေတာတွေကို မှတ်မှတ်ရရ တွက်နေတယ်ဆိုတာ ပြသင့်တယ်။ သူတို့အနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးတာအပါအဝင် ချက်ခြင်းလုပ်ဆောင်မှုတွေ တောင်းဆိုဖို့လိုသလို မကောင်းမှုတွေဟာ ဆိတ်ကွယ်ရာမရှိဘူးဆိုတာ စစ်အုပ်စုသိအောင်ပြသင့်တယ်" ဟု ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly