ယူကရိန်းပြဿနာက ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်ကို ပြန်လည်စဉ်းစားစရာဖြစ်စေခဲ့ကြောင်း စီအိုင်အေ အကြီးအကဲပြော

ယူကရိန်းပြဿနာက ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်ကို ပြန်လည်စဉ်းစားစရာဖြစ်စေခဲ့ကြောင်း စီအိုင်အေ အကြီးအကဲပြော

တရုတ်သည် ထိုင်ဝမ်ကို အင်အားသုံးကျူးကျော်ရန် ဆုံးဖြတ်ခဲ့သလို ရှိသော်လည်း ယူကရိန်းစစ်ပွဲတွင် ရုရှား၏အတွေ့အကြုံကြောင့် ယင်းကဲ့သို့ ကျူးကျော်ခြင်းထက် အခြေအနေနှင့် အချိန်အခါကြည့်၍ လုပ်ဆောင်မည့်ပုံစံသို့ ပြောင်းလဲသွား စေခဲ့ကြောင်း အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) အကြီးအကဲက ပြောသည်။

“အင်အားနည်းနည်းသုံးပြီး မြန်မြန်ဆန်ဆန်နဲ့ အဆုံးအဖြတ်ပေးတဲ့အောင်ပွဲမရနိုင်ဘူးဆိုတာ တရုတ်က ယူကရိန်းစစ်ပွဲမှာ တွေ့မြင်သွားပုံရတယ်'' ဟု CIA ဒါရိုက်တာ ဝီလျံဘန်း၏ ပြောကြားချက်ကို Al Jazeera က ဖော်ပြခဲ့သည်။

တရုတ်သည် ၅ လာကြာပြီဖြစ်သည့် ရုရှား-ယူကရိန်းစစ်ပွဲကို ကြည့်ကာ မဆုံးဖြတ်နိုင်ဘဲဖြစ်နေကြောင်းနှင့် ယူကရိန်းကိုအစိုးရကို တစ်ပတ်အတွင်း ဖြုတ်ချရန်မျှော်လင့်ခဲ့သော သမ္မတဗလာဒီမာပူတင်အတွက် မဟာဗျူဟာမြောက် ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ဝီလျံဘန်းက Aspen လုံခြုံရေးဖိုရမ်၌ ပြောကြားခဲ့သည်။

အမေရိကန်က တရုတ်အား ဗျူဟာမြောက်ပြိုင်ဘက်ဟု ခေါ်ဆိုထားပြီး တင်းမာသော ဆက်ဆံရေးကို ပြေလည်စေရန်နှင့် အမှုမဲ့အမှတ်မဲ့ ပဋိပက္ခအသွင်သို့ မပြောင်းသွားစေရန် အဆင့်မြင့်အရာရှိများအကြား ဆက်ဆံရေးသည် အရေးကြီးကြောင်း ပြောသည်။

ယခုနှစ်နှောင်းပိုင်း ကွန်မြူနစ်ပါတီအစည်းအဝေးအပြီးတွင် ရှီက ထိုင်ဝမ်ကို ကျူးကျော်နိုင်သည်ဟူသော ထင်မြင်ချက်များကို ဝီလျံဘန်းက သိပ်မလေးမမူသော်လည်း ယခု ဆယ်စုနှစ်အတွင်း အန္တရာယ် ပိုများလာကြောင်း ပြောသည်။

“ထိုင်ဝမ်ကို တရုတ်က ထိန်းချုပ်မယ်ဆိုတဲ့ ရှီကျင့်ဖျင်ရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လျှော့တွက်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

ကော်လိုရာဒို၌ကျင်းပသော ဖိုရမ်၌ ဝီလျံဘန်းက ထိုသို့မပြောကြားမီ အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ချင်းဂန်းက တရုတ်သည် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကို ပိုမိုနှစ်သက်သော်လည်း အမေရိကန်က ထိုင်ဝမ်တွင် လွတ်လပ်ရေးတပ်ဖွဲ့များ ပံ့ပိုးထားသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly