ပါကစ္စတန် ဘာလိုချီစတန်၌ ကာလဝမ်းရောဂါ ဖြစ်ပွားမှု မြင့်တက်နေ

ပါကစ္စတန် ဘာလိုချီစတန်၌ ကာလဝမ်းရောဂါ ဖြစ်ပွားမှု မြင့်တက်နေ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် ဇော့ဘ် ခရိုင်တွင် ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားသူ လူနာဦးရေသည် ၂၀၀၀ အထိ မြင့်တက်နေခဲ့သည်။ ထိုရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်ရန် အစိုးရက အစီအမံအားလုံး ဖော်ဆောင် နေသော်လည်း ရောဂါဖြစ်ပွားမှု မြင့်တက်နေခဲ့သည်။

မသန့်ရှင်းသော ရေကြောင့် ကူးစက်ဖြစ်ပွားနိုင်သော ထိုရောဂါသည် ဘာလိုချီစတန် ပြည်နယ်၌ ဆက်လက် ကူးစက်ပျံ့နှံ့နေသည်ဟု The Express Tribune က ဖော်ပြသည်။

“ရောဂါပြင်းထန်တဲ့ လူနာ ၂၀၀ ကျော်ဟာ ခရိုင်ဆေးရုံမှာ တက်ရောက်ကုသနေရဆဲဖြစ်ပါတယ်” ဟု ခရိုင်ကျန်းမာရေးအရာရှိ ဆိုင်ယက်ဒ် မူဇက်ဖာ ရှားက ပြောသည်။

ဂန့်ဂျ် မူဟာလာ၊ ခါရော့တာဘတ် နှင့် ရှိတ်ခန် မူဟာလာတို့တွင် လူအချို့ ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွား ခဲ့သည်။

ကာလဝမ်းရောဂါကြောင့် ဇော့ဘ် ခရိုင်တွင် ကလေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး အပါအဝင် လူသုံးဦး အသက်ဆုံးရှုံးထားခဲ့ကြောင်း ရှားက ပြောသည်။

လူနာများကို အချိန်မီ ကုသနိုင်ရန် ခရိုင်ဆေးရုံ၌ အရေးပေါ်အခြေအနေတစ်ရပ် ကြေညာထားသည်ဟု ပြည်တွင်း မီဒီယာက ဖော်ပြသည်။

“အခြေအနေကို ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ ဇော့ဘ်ခရိုင်နဲ့ ဒီရောဂါ ကူးစက်ဖြစ်ပွားနေတဲ့ အခြား ဧရိယာတွေကို လိုအပ်တဲ့ ဆေးဝါးတွေ ကျွန်တော်တို့ ပေးပို့ထားပါတယ်” ဘာလိုချီစတန်ပြည်နယ် ကျန်းမာရေးဝန်ကြီး ဆာလာ မိုဟာမက် နက်ဆာက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly