တရုတ်စစ်တပ်က ရုရှားစစ်တပ်ကဲ့သို့ အလားတူ ကံကြမ္မာမျိုး ကြုံရနိုင်သလား

တရုတ်စစ်တပ်က ရုရှားစစ်တပ်ကဲ့သို့ အလားတူ ကံကြမ္မာမျိုး ကြုံရနိုင်သလား

ထိုင်ဝမ်ကို သိမ်းပိုက်အောင်နိုင်ရန် တရုတ်က အမြဲလိုလို ပြောကြားလေ့ရှိသည်။

တခြားအိမ်နီးချင်းများနှင့် အမေရိကန် ကိုပင် ခြိမ်းခြောက်နေချိန်တွင် ရုရှား၏ စစ်ရေးလှုပ်ရှားမှုများ ယူကရိန်းမှာ မြင်တွေ့ရသည့်အတိုင်း ဆက်လက်ယိမ်းယိုင်နေသဖြင့် တရုတ်စစ်တပ် (PLA) ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာနေသည်။

အာဖဂန်နစ္စတန်၊ အီရတ်၊ ပင်လယ်ကွေ့စစ်ပွဲနှင့် ကိုဆိုဗိုကဲ့သို့သော နေရာများတွင် အမေရိကန်စစ်ပွဲများကို တရုတ်အနေဖြင့် ယခင်က ထဲထဲဝင်ဝင် လေ့လာခဲ့သည်။

ယခုအခါ ယူကရိန်းတွင် ရုရှား၏ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ဂရုတစိုက် စိစစ်လေ့လာနေသည်။

ရုရှားမြေပြင်၊ ပင်လယ်၊ လေကြောင်း၊ ဆိုက်ဘာနှင့် အာကာသတပ်ဖွဲ့များသည် ပေါင်းစပ်လုပ်ဆောင်မှုပုံစံဖြင့် လုပ်ဆောင်နေခြင်းမဟုတ်ပေ။

၁၉၄၄ခုနှစ်မှ စတင်၍ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်ပေါင်းချုပ် ဗိုလ်ချုပ်ကြီး အိုင်စင်ဟောင်ဝါက ' တိုက်ပွဲများ၊ စစ်ဆင်ရေးများနှင့် စစ်ပွဲများ၏ အောင်နိုင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် ထောက်ပံ့ပို့ဆောင်ရေးအပေါ် မူတည်ကြောင်း'ပြောကြားခဲ့သည်။

ယင်းသည် ယူကရိန်းကို ကျူးကျော်မှုအတွင်း ရုရှား၏ ကျရှုံးမှုလည်း ဖြစ်နိုင်သည်။

မရှိမဖြစ်ကုန်စည်များဖြစ်သော လောင်စာဆီ၊ ရိက္ခာနှင့် ခဲယမ်း မီးကျောက်များကဲ့သို့သော ပစ္စည်းများ ပြတ်လပ် မှုကြောင့် တပ်ဖွဲ့များနှင့် လမ်းဘေးတွင် ရက်အတော်ကြာ ပိတ်ဆို့နေသော စစ်ယာဉ်တန်းများသည် ရုရှား ထောက်ပံ့ပို့ဆောင်ရေးအတွက် အကောင်းဆုံးဆုံးသက်သေများ ဖြစ်သည်။

အရေးကြီးသည်မှာ PLA သည် ဆိုဗီယက်စစ်တပ်ဖွဲ့စည်းပုံနှင့် အယူဝါဒတွင် အတော်လေးဆင်တူနေသေးသည်။

အနည်းဆုံးအနေဖြင့် ရုရှားသည် ဆီးရီးယား၊ ခရိုင်းမီးယားနှင့် ချေချင်းညာကဲ့သို့သော နေရာများတွင် လတ်တ လော တိုက်ပွဲအတွေ့အကြုံများရှိပြီး တရုတ်စစ်တပ်၏ နောက်ဆုံးတိုက်ပွဲသည် ၁၉၇၉ ခုနှစ်တွင် ဗီယက်နမ်သို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

“တရုတ် ကိုယ်တိုင်ဖန်တီးထားတဲ့ အပျက်အစီးတွေကို ထိမိပြီး လဲကျမလားဆိုတာက ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုကနေ ရရှိလာတဲ့ သင်ခန်းစာတွေအပေါ် မူတည်ပါတယ်” ထိုင်ဝမ်ကို တရုတ်စစ်တပ်၏ ကျူးကျော် မှု အကြောင်း စဉ်းစားသုံးသပ်နေသည့် ဒန်ဗာ၊ ကော်ရိုရာဒိုအခြေစိုက် လေ့လာဆန်းစစ်သူ ဒေးဗစ်ချန်က ဂျိမ်းတောင်းဖောင်ဒေးရှင်းပညာရှင်အဖွဲ့သို့ ရေးသားရာတွင် ပြောကြားခဲ့သည်။

သေချာသည်မှာ တရုတ်စစ်တပ်ရင်ဆိုင်နေရသော အဆိုးရွားဆုံးပြဿနာများထဲမှ တစ်ခုမှာ ကိုယ်တိုင် တီထွင် ဆန်းသစ်မှုကို အားပေးခြင်းမရှိသည့် တင်းကျပ်သော အထက်အောက်ဖွဲ့စည်းပုံဖြစ်သည်။

မည်သို့ပင်ဖြစ်စေ တရုတ်လူ့အဖွဲ့အစည်းနှင့် စစ်တပ်တစ်ခုလုံးတွင် ဖြစ်ပွားနေသော အဂတိ လိုက်စားမှုသည် သမ္မတလက်ဖြောက်တီးလိုက်ရုံဖြင့် ပျာက်ကွယ်သွားမည်မဟုတ်ဘဲ ထို့ကဲ့သို့သော အကျင့်ပျက်ခြစားမှုသည် ကွန်မြူနစ်စနစ်များတွင် အမြစ်တွယ်နေသည်။

ထိုအချိန်အထိ တရုတ်က စစ်တပ်တွင် အသုံးချရန် သင်ခန်းစာများ ရှာဖွေနေမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly