ကျောက်​ကြီးမြို့နယ်ရှိ KNU ဆက်ဆံရေးရုံးကို စစ်ကောင်စီက ဝင်ရောက်ဖျက်စီး

ကျောက်​ကြီးမြို့နယ်ရှိ KNU ဆက်ဆံရေးရုံးကို စစ်ကောင်စီက ဝင်ရောက်ဖျက်စီး

ဇူလိုင်လ ၂၄ ရက်

ညောင်လေးပင်ခရိုင် ကျောက်​ကြီးမြို့နယ်ရှိ KNU ဆက်ဆံရေးရုံးကို စစ်ကောင်စီက ဝင်ရောက်ဖျက်စီးခဲ့သည်ဟု KNU ကသတင်းထုတ်ပြန်သည်။

အဆိုပါဆက်ဆံရေးရုံးကိုဇူလိုင် ၁၆ရက် နံနက် ၁၀ နာရီတွင် အာဏာသိမ်း အကြမ်းဖက်စစ် ကောင်စီတပ်၏ ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းမှ ဦးဆောင်ကာ ခလရ ၆၀၊ လဝက၊ မီးသတ်နှင့် ရဲ များလည်းပါဝင်ကြောင်း KNU ကဆိုသည်။

ဆက်ဆံရေးရုံးကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး အခန်းသော့နှင့် သေတ္တာသော့များကို ရိုက်ချိုးဖျက်စီးကာ ဖုန်းတစ်လုံးကိုယူဆောင်သွားကြောင်း KNU ကဆိုသည်။

ထို့ပြင် ၁၀ နာရီ ၁၉ မိနစ်တွင် မမယမ်းကျေးရွာအနီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်မ - ၉၉၊ ခမရ-၅၉၉၊ ခမရ-၆၀၃၊ ခမရ-၃၅၀နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း(၉)တို့ကြား ထိပ်တိုက် တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်ရင်း (၉)ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း KNU ကဆိုသည်။

ကျောက်ကြီးမြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ၂၀၂၂ခုနှစ်၊ မေလမှစ၍ ယခုအချိန်အထိ ကျေးရွာတွင်းသို့ ဒရုန်းလေယာဉ်ဖြင့် လက်နက်ကြီး ငါးလုံး၊ လက်နက်ကြီးဖြင့် ၁၂၃ လုံး ကျေးရွာများအတွင်းသို့ပစ်ချခဲ့သည်ဟု KNU ကထုတ်ပြန်သည်။

လက်နက်ကြီးထိမှန်သေဆုံးခဲ့သူ ကျေးရွာသား ကိုးဦးရှိပြီး ဒဏ်ရာရသူ ၁၂ ဦးရှိကြောင်း၊ စစ်ကောင်စီကဖမ်းဆီးထားသူ ၃၄ ဦးရှိကာစစ်ဘေးရှောင်ပြည်သူ ၁၆၀၃၆ ဦးရှိသည်ဟု KNU ကထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly