ပါကစ္စတန်နှင့် ကုန်သွယ်ရေးအပေါ် အမေရိကန် စိတ်ဝင်စားမှုနည်းပါးသည့် ပုံစံ ဖြစ်ပေါ်နေ

ပါကစ္စတန်နှင့် ကုန်သွယ်ရေးအပေါ် အမေရိကန် စိတ်ဝင်စားမှုနည်းပါးသည့် ပုံစံ ဖြစ်ပေါ်နေ

အလုပ်သမားရေးရာ အခြေအနေများ၊ လူအခွင့်အရေး၊ ဘာသာရေး လွတ်လပ်ခွင့်နှင့် စီမံအုပ်ချုပ်မှု ပိုင်းနှင့်ပတ်သက်ပြီး ပါကစ္စတန်၏ အလွန်ညံ့သော မှတ်တမ်းမှတ်ရာများက အမေရိကန်ထံမှ အကောက်အခွန်ဆိုင်ရာ အခွင့်အရေးပေးမှုစနစ်(GSP) တစ်ရပ် ရယူနိုင်ရေး ကြိုးပမ်းရာတွင် အတားအဆီးများ ဖြစ်လာနိုင်ကြောင်း Geopolitica.info က ဖော်ပြသည်။

အမေရိကန်သည် GSP အစီအစဉ်၏ နယ်ပယ်အတိုင်းအတာကို တိုးချဲ့ရန် စီစဉ်လျက်ရှိရာ ပါကစ္စတန် အပါအဝင် အာရှနိုင်ငံအများအပြားသည် အကျိုးအမြတ်များ ရယူနိုင်ရန် ၎င်းတို့၏ သံတမန်ရေးရာ ပေါက်ရောက်မှုကို တိုးမြှင့် လုပ်ဆောင်ထားကြသည်။

စာချုပ်ချုပ်ထားရသည့် အလုပ်သမားများအရေး၊ ကလေးသူငယ်ဆိုင်ရာ အကာအကွယ်ပေးရေး၊ အမျိုးသမီး အခွင့်အရေးများနှင့် လူကုန်ကူးမှု အပါအဝင် အလုပ်သမားရေးရာ အခြေအနေများနှင့် ပတ်သက်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာ NGOs အချို့က ပါကစ္စတန်အစိုးရထံ ညံ့ဖျင်းသော မှတ်တမ်းများကို ဆက်ပေးလျက် ရှိကြောင်း Geopolitica.info က ဖော်ပြသည်။

အထူးသဖြင့် GSP Plus အစီအစဉ်အောက်တွင် ဥရောပသမဂ္ဂ (အီးယူ) က ပေးသော အလားတူ အစီအစဉ်တစ်ခု၏ အကျိုးခံစားသူတစ်ဦးအနေဖြင့် ပါကစ္စတန်သည် ကြီးလေးသော လိုက်လျောမှုများ လုပ်ဆောင်ပေးရမည့် စိန်ခေါ်မှုတစ်ရပ်နှင့် ရင်ဆိုင်နေရသည်။

အီးယူသည် အစီအစဉ်သစ်အောက်တွင် လုပ်ထုံးလုပ်နည်းအသစ် ခြောက်ခု ထည့်သွင်းသွားရန် ရှိနေရာ ပါကစ္စတန်အနေဖြင့် ယင်းတို့ကို လိုက်နာ အကောင်အထည်ဖော်ရန် ခက်ခဲနိုင်သည်။ ပုံမှန် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်ပြီး ပါကစ္စတန်၏ ကမ်းလှမ်းအဆိုပြုချက်များအပေါ် အမေရိကန်ဘက်မှ တုံ့ပြန်မှုကလည်း အားတက်စရာ မရှိဘဲ ဖြစ်နေသည်။

GSP နှင့် အခြားသော ကုန်သွယ်မှုရေးရာ ကိစ္စများနှင့်ပတ်သက်သည့် ပါကစ္စတန်၏ အခြေအနေကို တိုးတက်နိုင်စေရေးအတွက် ပါကစ္စတန်သံအမတ်ကြီး မာဆွတ်ဒ် ခန်းသည် ၂၀၂၂ ခုနှစ် ဇွန်လအတွင်း အမေရိကန် ကုန်သွယ်မှု ကိုယ်စားလှယ်များရုံးမှ အကြီးတန်းအရာရှိများနှင့် အလွတ်သဘော ဆွေးနွေးမှုတစ်ခု လုပ်ဆောင်ခဲ့သည်။

သို့သော် အမေရိကန်ဘက်ကမူ ယင်းကဲ့သို့သော အဆိုပြုချက်များအတွက် ၎င်းတို့၏ မျှော်မှန်းချက်များအပေါ်တွင် အတော်အတန် မယိမ်းမယိုင် ခိုင်မာစွာဖြင့် အနုစိတ်လိုက်ကာ ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly