ထိုင်ဝမ်က တရုတ်ကုမ္ပဏီအား လျှို့ဝှက်ချက်ခိုးယူမှုဖြင့် စွပ်စွဲကာ ၁၄ ဦးကို တရားစွဲ

By Big News Network
22 July 2022
ထိုင်ဝမ်က တရုတ်ကုမ္ပဏီအား လျှို့ဝှက်ချက်ခိုးယူမှုဖြင့် စွပ်စွဲကာ ၁၄ ဦးကို တရားစွဲ

တရုတ် Luxshare Precision Industry Co နှင့် ဆက်စပ်သူ ၁၄ ဦးသည် ထိုင်ဝမ်ကုမ္ပဏီထံမှ စီးပွားရေး လျှို့ဝှက်ချက်များကို ခိုးယူမှုနှင့် Apple, Inc မှ မှာယူမှုများကို လက်လွှဲယူနိုင်ရေးအတွက် ဝန်ထမ်းများကို ဖြားယောင်းမှုဖြင့် ထိုင်ဝမ်တွင် ဖမ်းဆီးခံလိုက်ရသည်။

အစိုးရက နိုင်ငံ့နည်းပညာစွမ်းရည်ကို ထိန်းသိမ်းရန် ကြိုးစားနေစဉ်မှာ ထိုင်ဝမ်သည် ၎င်း၏ စီးပွားရေးလျှို့ဝှက်ချက်များကို တရုတ်ကုမ္ပဏီများ မရရှိစေရန်နှင့် ထိုင်ဝမ်နည်းပညာရှင်များကို မငှားစေရန် လုပ်ဆောင်လျက်ရှိသည်။

၁၈ လကြာ စုံစမ်းမှုအပြီး၌ တရုတ်၏ Luxshare Precision Industry Co Ltd သည် Apple ထုတ်လုပ်မှုကုမ္ပဏီခွဲ အလျင်အမြန်ဖြစ်ရေးနှင့် အမှာစာများ ရယူနိုင်ရန် ပြိုင်ဘက်ထိုင်ဝမ်ကုမ္ပဏီ Catcher Technology Co Ltd ကို မသမာသောနည်းဖြင့် ပစ်မှတ်ထားခဲ့သည်။

Luxshare သည် ထိုင်ဝမ် Catcher ကုမ္ပဏီ၏ တရုတ်အခြေစိုက်သုတေသနှင့်တီထွင်ထုတ်လုပ်ရေးအဖွဲ့အား လစာကောင်းများပေးကာ သွေးဆောင်ဖြားယောင်းပြီး ထိုင်ဝမ်ကုမ္ပဏီမှ လုပ်ငန်းလျှို့ဝှက်ချက်များကို ခိုးယူခဲ့သဖြင့် သိသာသောဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း တရားစွဲသူများက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်ဟု အစိုးရကပြောသည်။

Luxshare သည် စက်ရုံများ အလျင်အမြန်ဆောက်လုပ်ရန်နှင့် iPhones၊ iPads နှင့် တခြားထုတ်ကုန်များကို အမြောက်အမြားထုတ်လုပ်ရန် ကြိုးစားနေသည်ဟုလည်း ဖော်ပြထားသည်။

သစ္စာဖောက်မှုနှင့် ပြည်ပတွင်အသုံးပြုန် စီးပွားလျှို့ဝှက်ချက်များအား ယူဆောင်မှုဖြင့် လူ ၁၄ ဦးကို တရားစွဲဆိုထားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အစောပိုင်းကလည်း ထိုင်ဝမ်အာဏာပိုင်များသည် ထိုင်ဝမ်ချစ်ပ်ပြားအင်ဂျင်နီယာများနှင့် နည်းပညာ မြင့်ဝန်ထမ်းများကို တရားမဝင်ငှားရမ်းထားမှုအတွက် သက်သေများရှာဖွေရန် ထိုင်ဝမ်ရှိ ကုမ္ပဏီနှင့် သုတေသနနှင့်တီထွင်ထုတ်လုပ်မှုစင်တာ ၁၀ ခုကို ဝင်ရောက်စီးနင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly