အမေရိကန်၏ အရှေ့အလယ်ပိုင်း မူဝါဒ ပြတ်သားမှုမရှိသေးဘဲ ဒေသတွင်း တရုတ်၏ သြဇာအာဏာကို တန်ပြန်ရန် မဖြစ်နိုင်

အမေရိကန်၏ အရှေ့အလယ်ပိုင်း မူဝါဒ ပြတ်သားမှုမရှိသေးဘဲ ဒေသတွင်း တရုတ်၏ သြဇာအာဏာကို တန်ပြန်ရန် မဖြစ်နိုင်

ဆော်ဒီအာရေးဗီးယားနှင့် အရှေ့အလယ်ပိုင်းတွင် ဆက်ဆံရေး ပြန်လည်စတင်ရန်နှင့် ဒေသတွင်း တွင် တရုတ်၏ ငွေကြေး၊ သြဇာနှင့် အရေးပါသော စစ်ရေးအင်အား ပျံ့နှံ့တည်ရှိမှုကို ရပ်တန့်ရန် အမေရိကန်တွင် မဟာဗျူဟာမရှိကြောင်း မီဒီယာများက ဖော်ပြသည်။

အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသတွင် အင်အားကြီးမားသော တရုတ်နှင့် ရင်ဆိုင်နေရသော်လည်း သမ္မတဟောင်းအိုဘားမားလက်ထက်ကပင် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ နေရာကို အစားထိုးလာနိုင်သည့် တရုတ်ကို ရင်ဆိုင်ရန် ပျက်ကွက်ခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အမေရိကန်၏ အလုံးစုံကျဆင်းမှု၏ နောက်ထပ်သင်္ကေတအဖြစ် တရုတ်က ရှုမြင်ပြီး ယင်းနှင့်အတူ တရုတ်က ခြေကုပ်ယူရန် ကြီးမားသော အခွင့်အလမ်းကို တွေ့မြင်ထားသည်။

တရုတ်သည် ဆော်ဒီမှရေနံကို အများဆုံးဝယ်ယူသည့်နိုင်ငံဖြစ်ပြီး အမေရိကန်အား ဒေသတွင်း တတ်နိုင်သမျှ နည်းမျိုးစုံဖြင့် အစားထိုးရန်ထက် မည်သည့်အရာကိုမျှ တရုတ်က မလိုလားပေ။

တရုတ်စစ်တပ်သည် အနီးနားရှိ ဂျီဘူဒီတွင် ရေတပ်စခန်းတစ်ခုရှိပြီး ရေနံစီးဆင်းမှု အနှောင့်အယှက်ကင်းစေရန် ဒေသတွင်း ပိုင်ဆိုင်မှုများကို စတင်နေရာချထားရန် တရုတ်က လိုလားနေသည်။

အီရန်နျူကလီးယားအစီအစဉ်အတွက် အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းလိုက်ချိန်တွင် ဆော်ဒီ အာရေဗျနှင့် အမေရိကန်၏ ဆက်ဆံရေး ထိခိုက်လာခဲ့သော်လည်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပိတ်ဆို့မှုများကို ပြန်လည်ချမှတ်ခဲ့သည်။
 
ယခုအချိန်တွင် အမေရိကန်သည် အီရန်နှင့် ထပ်မံညှိနှိုင်းနေပြီး အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒသည် အရာ ရာကို ရှုပ်ထွေးစေသည်ဟု အကြံပြုထားသည်။ အဆိုပါ လုပ်ဆောင်ချက်အားလုံးသည် အမေရိကန်က ဆော်ဒီနှင့် ဆက်ဆံ ရေး ပုံမှန်ပြန်ဖြစ်ရန် ဦးတည်နေပုံရသော်လည်း ရှေ့ဆက်ရမယ့်ခရီးက အလှမ်းဝေးနေသေးသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ဂျဒ်ဒါမြို့ သွားရောက်သည့် နောက်ဆုံးခရီးစဉ်တွင် ဆော်ဒီနှင့် ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန် မည်သည့်အရာမျှ လုပ်ဆောင်ခဲ့ခြင်း မရှိပေ။

အရှေ့အလယ်ပိုင်း မဟာမိတ်များစွာကဲ့သို့ပင် ဆော်ဒီသည် အမေရိကန်၏ စွန့်ပစ်ခြင်းကို ခံရသည်ဟု ခံစားနေ ရသည်။ အာဖဂန်နစ္စတန်မှ ထွက်ခွာသွားခြင်းမှ အီရန်နျူကလီးယားလက်နက်တည်ဆောက်ရန် စွမ်းဆောင်နိုင်မှုအထိ ဘိုင်ဒင်သည် ကမ္ဘာ၏အရေးကြီးသောအစိတ်အပိုင်းတွင် အမေရိကန်၏ ယုံကြည် စိတ်ချရမှုကို ချိုးဖျက်ပစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly