တရုတ်ပုံစံဖြင့် အစ္စလာမ်ဘာသာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးနေကြောင်း သမ္မတရှီ ပြောကြား

တရုတ်ပုံစံဖြင့် အစ္စလာမ်ဘာသာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးနေကြောင်း သမ္မတရှီ ပြောကြား

တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂၀၁၄ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရှင်ကျန်းပြည်နယ်သို့ ယခုသီတင်း ပတ်အတွင်း သွားရောက်ခဲ့ပြီး အစိုးရက တရုတ်နည်းတရုတ်ဟန်ဖြင့် အစ္စလာမ်ဘာသာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားကြောင်း ပြောကြားခဲ့သည်။

စစ်ဆေးရေးခရီးစဉ်အဖြစ်ဖော်ပြထားသည့် ဇူလိုင်လ ၁၂ရက်မှ ၁၅ရက်အထိ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ရှီက တရုတ်နိုင်ငံရှိ အစ္စလာမ်ဘာသာသည်  တရုတ်စရိုက်လက္ခဏာနှင့် အညီဖြစ်ရမည်ဟူသောအချက်ကို လိုက်နာရန် တိုးမြှင့် ကြိုးပမ်းသင့်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ပညာရေး၏ ဆိုရှယ်လစ်လမ်းကြောင်းကို ထိန်းကျောင်းရန်နှင့် ဆိုရှယ်လစ်ဝါဒအတွက် ကျင့်ဝတ်အခြေခံ၊ ဉာဏ စွမ်းရည်၊ ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းမှု၊ ရသခံစားနိုင်စွမ်းနှင့် ဆိုရှယ်လစ်အရေးအခင်းအတွက် လုပ်ဆောင်နိုင် စွမ်းရှိသည့် မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်ရန် ရှီက တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံတော်၊ တရုတ်ဝိသေသလက္ခဏာများနှင့်အတူ ဆိုရှယ်လစ်စနစ်၏ အနာဂတ်အတွက် ကြိုးပမ်း ကြရန်လည်း တက္ကသိုလ်မှ ကျောင်းသားများကို မျှော်လင့်ထားသည်။

သေဆုံးမှုများသော ခွဲထွက်ရေးအကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် သမ္မတရှီ၏ ဦးဆောင်မှုအောက်တွင် အာဏာပိုင် များသည် ရှင်ကျန်းပြည်နယ်မှ ဝီဂါနှင့် ကာဇက် အသိုင်းအဝိုင်းများကို ပြင်းထန်စွာ နှိမ်နင်းခဲ့သည်။

ကိန်းဂဏန်း အတိအကျကို ထုတ်ပြန်ခြင်း မရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ လူပေါင်း သိန်းနှင့် ချီ၍ သို့မဟုတ် တစ်သန်းကျော် အထိန်းသိမ်းခံခဲ့ရဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်ဟု ABC သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် ထောင်နှင့် ချီသည့် ထိန်းသိမ်းရေးစခန်းများတွင် ထောင်နှင့်ချီသော လူများကို ထိန်းသိမ်း ထားသဖြင့် လူမျိုးတုံးသတ်ဖြတ်မှုဟု ဝေဖန်သူများက ဖော်ပြကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly