ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်၏ နာမည်ကျော် ခရီးသွားနေရာ၌ ဧည့်သည် ၂ ဦး ပြန်ပေးဆွဲခံရ

ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်၏ နာမည်ကျော် ခရီးသွားနေရာ၌ ဧည့်သည် ၂ ဦး ပြန်ပေးဆွဲခံရ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်၏ လူသိများထင်ရှားသော ခရီးသွားနေရာတစ်ခုဖြစ်သည့် ဇီယာရတ်မြို့၌ အစိုးရအရာရှိတစ်ဦး အပါအဝင် ခရီးသွားဧည့်သည်နှစ်ဦး ပြန်ပေးဆွဲခံခဲ့ရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်က ဝါချွမ်ဧရိယာမှ ခရီးသွားဧည့်သည်နှစ်ဦးကို လက်နက်ကိုင်အမျိုးသားများက အဓမ္မ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု အကောက်ခွန်သတင်းရင်းမြစ်များက ပြောကြောင်း The Express Tribune က ဖော်ပြသည်။

သို့သော် လက်နက်ကိုင်အမျိုးသားများသည် ခရီးသွားနှစ်ဦး၏ မိသားစုဝင်များကို ခေါ်မသွားဘဲ ထားရစ်ခဲ့သည်။ ပြန်ပေးဆွဲခံရသော ခရီးသွားများမှာ ကရာချိမြို့မှ လာရောက်သူများဖြစ်ပြီး ၎င်းတို့သည် အီးဒ်နေ့ အကြိုကာလ၌ ဇီယာရတ်မြို့ကို လာရောက်လည်ပတ်ကြခြင်း ဖြစ်သည်။

ထို ဖြစ်စဉ်ဖြစ်ပြီးနောက် ပြန်ပေးဆွဲမှုဖြစ်စဉ်များကို ဆန့်ကျင်သောအားဖြင့် ဒေသခံ မျိုးနွယ်စုဝင်များက လမ်းများကို ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြသည်။

ပြန်ပေးဆွဲခံ ခရီးသွားဧည့်သည်နှစ်ဦးကို ပြန်ရှာတွေ့နိုင်ရေးနှင့် ယင်းကဲ့သို့ ဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေး အာဏာပိုင်များကို တိုးမြှင့် ဖိအားပေးရန် ၎င်းတို့က ကွက်တာ-ဇီယာရတ် လမ်းကို ပိတ်ဆို့ခဲ့ကြသည်။

ဘာလိုချီစတန်ပြည်နယ် ဝန်ကြီးချုပ် မီအာ ကူဒက်စ် ဘီဇန်ဂျိုကို ထိုဖြစ်စဉ်ကို အထူးအလေးထားခဲ့ပြီး ပြန်ပေးဆွဲခံ ခရီးသွားဧည့်သည်များကို ဘေးကင်းစွာ ပြန်ရှာတွေ့ရေး လုပ်ဆောင်ရန် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ညွှန်ကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ် အစီရင်ခံစာတစ်ရပ် တင်သွင်းရန် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများကို ညွှန်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly