တရုတ်က အာဖရိကနိုင်ငံများတွင် ဖိနှိပ်မှုများ လုပ်ဆောင်နေ

တရုတ်က အာဖရိကနိုင်ငံများတွင် ဖိနှိပ်မှုများ လုပ်ဆောင်နေ

တရုတ် - အာဖရိကမဟာမိတ်ဖွဲ့မှုများက အပြန်အလှန်ကြွယ်ဝမှုကို အခြေခံသင့်သော်လည်း တရုတ်၏ အာဖရိကနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများသည့် လူ့အခွင့်အရေးချိုးဖောက်မှု၊ မတရားမှုနှင့် ခေါင်းပုံဖြတ်အမြတ် ထုတ်မှုများကို ဖြစ်ပေါ်စေသည့် နက်ရှိုင်းစွာ အမြစ်တွယ်နေသော လူမျိုးရေးမုန်းတီးမှုများဖြစ်ပေါ်စေသည်ဟု ကနေဒါအခြေစိုက်ပညာရှင်အဖွဲ့ဖြစ်သော အခွင့်အရေးများနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် (IFFFRAS) က အစီရင်ခံစာ ထုတ်ပြန် လိုက်သည်။

တရုတ်က အာဖရိကနိုင်ငံအများစုအတွက် အကြီးမားဆုံးသော ကုန်သွယ်ရေး မိတ်ဖက်ဖြစ်လာပြီး ရထားလမ်း ကဲ့သို့သောအခြေခံအဆောက်အအုံစီမံကိန်းများနှင့် သဘာဝသယံဇာတများဖွံ့ဖြိုး တိုးတက်မှုအတွက် ရန်ပုံငွေ များကို ထောက်ပံ့ပေးခြင်းဖြင့် ဝန်ထမ်းများနှင့် အလုပ်သမားများကို ၎င်းတို့၏ နိုင်ငံများတွင်ပင် ခေါင်းပုံဖြတ်နေကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

တရုတ်နှင့် အာဖရိကအကြား ကုန်သွယ်ရေးမိတ်ဖက်ပြုခြင်းက အာဖရိကနိုင်ငံများစွာကို ကြွေးမြီ ထောင်ချောက်၊ အလွန်အကျူးမှီခိုမှုနှင့် အလုပ်သမားနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

အာဖရိကတိုက်မှ အလုပ်သမားများသည် မိမိတို့၏ နိုင်ငံတွင်း၌ပင် နိုင်ငံခြား အလုပ်ရှင်များ၏ ကျွန်ပြုခံနေ ရသည်။

အလုပ်သမားများကို အလွဲသုံးစားလုပ်မှုနှင့်ဆိုင်သည့် သိသာ ထင်ရှားသောအခြား ကိစ္စရပ်များရှိကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒေသခံအလုပ်သမားများသည်သတ္ထုတူးဖော်ရေးနှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် အကာအကွယ် ပစ္စည်းများကို အသုံးမပြုရပေ။ ပြင်းထန်သော ဒဏ်ရာများရပါကလည်း လျော်ကြေးနှင့် အကူအညီများ မရရှိပေ။

ဝန်ထမ်းအများစုသည် တရားဝင်စာချုပ်များ ချုပ်ဆိုခြင်းမရှိဘဲ အလုပ်လုပ်နေကြရပြီး အလုပ်အကိုင် အထောက် အထားမရှိခြင်းကြောင့် အဓမ္မအလုပ်ထုတ်ခံရခြင်းများရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly