တာချီလိတ်မြို့ တာလေတွင် အလွန်အကျွံ ရွှေတူးဖော်မှုများကြောင့် ရေလွှမ်းမိုးမှုဖြစ်

တာချီလိတ်မြို့ တာလေတွင် အလွန်အကျွံ ရွှေတူးဖော်မှုများကြောင့် ရေလွှမ်းမိုးမှုဖြစ်

ဇူလိုင်လ ၂၀ ရက်

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ တာလေမြို့နယ်ခွဲအတွင်းရှိ နားဟိုင်းလုံကျေးရွာတွင် ယနေ့ ဇူလိုင်လ ၂၀ ရက် မနက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး ကျေးရွာအတွင်းရှိ နေအိမ်များ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

နားဟိုင်းလုံကျေးရွာပတ်ဝန်းကျင်တွင် ရွှေတူးဖော်မှု လုပ်ကွက်အများအပြားရှိပြီး ဒေသခံများက စတင်တူးဖော်သည့် ၂၀၁၂ခုနှစ်ကတည်းက အပြင်းအထန်ကန့်ကွက်ခဲ့ကြသော်လည်း အစိုးရအဆက်ဆက် တူးဖော်မှုကိုရပ်တန့်ခဲ့ခြင်းမရှိရာ နှစ်စဥ်ရေလွှမ်းမိုးမှုကို ပြင်းထန်စွာခံစားရကြောင်းဒေသခံတစ်ဦးက ပြောသည်။

"အဓိက က ချောင်းထဲ သူတို့ရွှေတူးပြီးပါလာတဲ့ မြေစာတွေကြောင့် ရေကြီးရတာပါ၊ မိုးနည်းနည်းလေးများလိုက်တာနဲ့ ရေကဝင်လာတယ်၊ အရင်ရွှေမတူးခင်ကတော့ တစ်ခါမှမကြုံဖူးဘူး၊ ကျမတို့ကန့်ကွက်ပြောဆိုလည်း ကျမတို့ရွာကို ဘယ်သူမှအရေးမလုပ်ဘူး " ဟု ယင်းဒေသခံက ပြောသည်။

နားဟိုင်းလုံကျေးရွာသူ ရွာသားများ အဓိကအားထားရာဖြစ်သော နမ့်ခမ်းချောင်းတွင် ရွှေတူးဖော်နေသည့် ကုမ္ပဏီမှာ ရှစ်ခုခန့်အထိ ရှိနေပြီး နားဟိုင်းလုံပြည်သူများ၏ လယ်ယာမြေများမှာ နှစ်စဥ် ရွေတူးဖော်မှုမှ စွန့်ပစ်မြေစာကြောင့် ပျက်စီးနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly