YANGON WATER BUS ကို လာမည့် အောက်တိုဘာတွင် ပြန်လည်ပြေးဆွဲမည်

YANGON WATER BUS ကို လာမည့် အောက်တိုဘာတွင် ပြန်လည်ပြေးဆွဲမည်

ဇူလိုင်လ ၂၀ ရက်

ကိုဗစ်ရောဂါများကြောင့် နှစ်နှစ်ကျော် ရပ်နားထားသည့် YANGON WATER BUS ကို အောက်တိုဘာ ၁ ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း YANGON WATER BUS က ဇူလိုင် ၁၉ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် နှစ်နှစ်ကျော်ကာလ ရပ်နားထားသော YANGON WATER BUS ကို လာမည့် အောက်တိုဘာ ၁ ရက်တွင် ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု ဖော်ပြထားသည်။

အောက်တိုဘာလတွင် စတင်ပြေးဆွဲမည့် ပမာဏလမ်းကြောင်းအဖြစ် ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ လမ်းသစ်၊ ဆာပါချောင်နှင့် အံ့ကြီးမှတ်တိုင်များဖြစ်သည်ဟု သိရသည်။

YANGON WATER BUS စီးနင်းရာတွင် ငွေပေးချေခြင်းအတွက် KPAY၊ CB PAY၊ WAVE PAY တို့ အသုံးပြုသွားမည်ဖြစ်ကြောင်း၊ အကောင်းဆုံးပြန်လည်၍ အများပြည်သူအတွက် ဝန်ဆောင်မူပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

YANGON WATER BUS သည်၂၀၁၇ ခုနှစ် အောက်တိုဘာမှစတင်၍ ရန်ကုန်မြို့တွင်းခရီးစဉ်များအပြင်၊ အပန်းဖြေခရီး လမ်းကြောင်းများလည်း​ ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly