မြဝတီ-ဝေါလေကားလမ်းတွင် KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ဆက်ကြေးတောင်း တယ်ဆိုသည့် သတင်းအမှား

မြဝတီ-ဝေါလေကားလမ်းတွင် KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ဆက်ကြေးတောင်း တယ်ဆိုသည့် သတင်းအမှား

ဇူလိုင် ၁၉

မြဝတီ-ဝေါလေလမ်းတွင် လမ်းပိတ်ကာ KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များမှ အများပြည်သူ ထံမှ ဆက်ကြေးတောင်းခံနေကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ထိုဖော်ပြချက်မှာ မှားယွင်း သော အကြောင်းအရာသာဖြစ်သည်။

ထိုအကြောင်းကို Ko Thet News အမည်ရှိ ဝက်ဘ်ဆိုဒ်တစ်ခုမှ ဇူလိုင် ၁၇ ရက်နေ့တွင် စတင် ဖြန့်ဝေခဲ့ သည်။   ဓာတ်ပုံလေးပုံနှင့်အတူ “ အများပြည်သူများ သွားလာအသုံးပြုနေတဲ့ ကားလမ်းကိုပိတ်ပြီး ဆက်ကြေးတောင်းခံနေသော KNU သူပုန်နှင့် PDF အကြမ်းဖက်အဖွဲများပဲဖြစ်ပါတယ်...သူပုန်နဲ့ အကြမ်း ဖက်သမားတွေဟာ ဘယ်လိုကောင်တွေလည်းဆိုတာ မြင်ဖူးအောင်ကြည့်ထားကြပါ.... ဒီလိုကောင်တွေ ကို နောင်တစ်ချိန်ကလေးတွေက မေးလာခဲ့ရင် အရုပ်ဆွဲပြရတော့မှာပါ(မူရင်းအရေးအသားအတိုင်း)”ဟု  ရေးသားကာဖြန့်ဝေခဲ့သည်။

၎င်းစာနှင့်ပုံကိုကူးယူပြီး ရွှေဘ၊ ထွေရာလေးပါး ဒဂေါက်ဖာသတင်းစုံ၊ စစ်မင်းနိုင်၊ မှိုင်းဝေ၊ BaNyunt 2 ၊ Myanmar Current Affairs ၊ People's Voice ၊ ကျော်စွာ အစရှိသည့် တယ်လီဂရမ်ချန်နယ်များမှ လည်း ပြန်လည်ဖြန့်ဝေထားကြသည်။

အလားတူ စစ်ကောင်စီကို ထောက်ခံသည့် ဖေ့ဘုတ်အသုံးပြုသူများကလည်း ဖော်ပြကြသည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ဖော်ပြချက်တွင်ပါဝင်သည့် ဓါတ်ပုံများအား တိုက်ဆိုင်စစ်ဆေးခဲ့ ရာ၌ Cobra Column (ကော်ဘရာစစ်ကြောင်း)၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဇူလိုင် ၁၇ ရက်နေ့ ထုတ် ပြန်ချက်တွင်ပါဝင်သည့် ဓာတ်ပုံများဖြစ်နေသည်။

စစ်ကောင်စီတပ်မှ မြဝတီ-ဝေါလေ ကားလမ်းမကို တဖက်သတ်ပိတ်ဆို့ခဲ့ပြီး ၎င်းတို့မှ အတားအဆီးများကို ရှင်းလင်းပြီး ဇူလိုင် ၁၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။

ကော်ဘရာစစ်ကြောင်းစာမျက်နှာ၏ ထုတ်ပြန်ချက်တွင် “ အကြမ်းဖက်စစ်ကောင်စီမှ တစ်ဖက်သတ်ပိတ် ထားခဲ့သည့် မြဝတီ-ဝေါလေကားလမ်းပေါ်ရှိ အတားအဆီးများ၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းကာ ဇူလိုင် ၁၆ ရက်နေ့ ညနေပိုင်းတွင် ၎င်းလမ်းမကြီးအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း" ထုတ်ပြန်ထား သည်။

ထိုထုတ်ပြန်ချက်ကို ကိုးကား၍ ဧရာဝတီ မြန်မာပိုင်းအစီအစဉ်နှင့် ခေတ်သစ်မီဒီယာတို့မှလည်း အသီးသီး သတင်းတင်ဆက်ထားသည်။

ထို့ကြောင့် သတင်းတုတွင် ဖော်ပြထားသကဲ့သို့ KNU နှင့် PDF များမှ ကားလမ်းကိုပိတ်နေခြင်းမဟုတ်ဘဲ စစ်ကောင်စီတပ်မှ တားဆီးထားသည့် အတားအဆီးများကို ဖယ်ရှားနေခြင်းသာဖြစ်သည်။ အမှန်တကယ် ဖြစ်ပျက်သည့်အဖြစ်အပျက်မှပုံကိုအသုံးပြုပြီး လုပ်ကြံဖန်တီးထားသော ယူဆချက်များနှင့် ရောထွေးကာ ဖော်ပြထားသည့် သတင်းတုသာ ဖြစ်သည်။

မြဝတီ-ဝေါလေကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့နှင့်သရက်တစ်ပင်ရွာအနီး စစ်ကောင်စီတပ်နှင့် ကော်ဘရာ စစ်ကြောင်းတို့ ဇူလိုင် ၁၂ ရက်နေ့က တိုက်ပွားဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ရင်းတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့သလို စစ်ကူလာသည့် အခြားစစ်ကောင်စီတပ်တစ်ခုကိုလည်း ကော်ဘရာစစ်ကြောင်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Myanmar Now မှ ဇူလိုင် ၁၅ ရက်က သတင်းဖော်ပြချက်အရ သိရသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသား ပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required