ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် ဟိန္ဒူဘာသာဝင် မိန်းကလေး ပြန်ပေးဆွဲခံရ

ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် ဟိန္ဒူဘာသာဝင် မိန်းကလေး ပြန်ပေးဆွဲခံရ

ပါကစ္စတန်နိုင်ငံတွင် လူနည်းစု အစုအဖွဲ့များအပေါ် ရက်စက်ယုတ်မာမှု ကျူးလွန်သည့် နောက်ထပ် ဖြစ်စဉ်တစ်ခုအဖြစ် ဆင်းဒ်ပြည်နယ်၌ ဟိန္ဒူဘာသာဝင် မိန်းကလေးတစ်ဦး ပြန်ပေးဆွဲခံခဲ့ရသည်။

ရှရီမာတီ ကရီးနား အမည်ရ မိန်းကလေးငယ်သည် ပြီးခဲ့သည့် အပတ်က ဒါဒူခရိုင် ကာဇီ အာမက်ဒ်မြို့ အူနာ မူဟာလာ ဧရိယာတွင် ပြန်ပေးဆွဲခံလိုက်ရခြင်း ဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ဟိန္ဒူဘာသာဝင် အသိုင်းအဝိုင်းဝင်များသည် မိန်းကလေးငယ် ပြန်ပေးဆွဲခံရသည်ဟုဆိုကာ အဓိကလမ်းမများပေါ် ချီတက်ခဲ့ကြပြီး ဇူလိုင် ၁၂ ရက်တွင် နာဝက်ဘ်ရှားမြို့ရှိ သမ္မတဟောင်း ဇာဒါရီ၏ နေအိမ်အရှေ့တွင် ဆန္ဒထုတ်ဖော်ပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသည်ဟု သတင်းစာတွင် ဖော်ပြသည်။

အဆိုပါ ဟိန္ဒူမိန်းကလေးသည် မွတ်စလင်ဘာသာဝင် ကောင်လေးတစ်ဦးနှင့် ခိုးရာလိုက်သွားခဲ့ပြီး ကရာချိမြို့ တရားရုံးတစ်ခု၌ လက်ထပ်စာချုပ် လက်မှတ်ထိုးထားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

သို့သော် ဆန္ဒပြသူများက လက်ခံခြင်းမရှိဘဲ ရဲတပ်ဖွဲ့ကို ဆန့်ကျင်သည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့သလို အဆိုပါ မိန်းကလေးငယ်ကို ပြန်ရှာတွေ့ရေး ကြားဝင်ကူညီပေးရန် သမ္မတဟောင်း အာဆစ်ဖ် အလီ ဇာဒါရီကို တောင်းဆိုခဲ့သည်။

သို့သော် ရှရီမာတီ ကရီးနားသည် ပြန်ပေးဆွဲခံရခြင်း မဟုတ်ကြောင်း၊ သူမသည် မီအာ မိုဟာမက် ဂျိုနို ရွာမှ ခါလီ ရာမန် ဆိုသူ ယောကျ်ားလေးတစ်ဦးနောက် ခိုးရာလိုက်သွားခြင်း ဖြစ်ကာ ကရာချိ တရားရုံးတစ်ခု၌ လက်ထပ်လက်မှတ်ထိုးထားကြောင်း ဒေသရဲတပ်ဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly