တရုတ်ဘဏ်က ငွေပြန်ပေးမည်ဟု ဆန္ဒပြသူများကို ကတိပြု

တရုတ်ဘဏ်က ငွေပြန်ပေးမည်ဟု ဆန္ဒပြသူများကို ကတိပြု

တရုတ်ပြည်တွင်းနှင့် နိုင်ငံတကာ မီဒီယာများ၏ အာရုံစိုက်မှုကိုရရှိခဲ့သည့် ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် ထိန်းချုပ်ထားသော အပ်နှံငွေအချို့ကို ကျေးလက်ဘဏ်များကိုယ်စား ဟူနန်ပြည်နယ် အာဏာပိုင် များက ပြန်ပေးမည်ဟု ကတိပြုလိုက်သည်။

ဒေသတွင်းဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်းနှင့် ဟိုင်နန်ပြည်နယ်ဘဏ္ဍာရေးဆိုင်ရာ ကွပ်ကဲမှုဗျူရိုတို့၏ ပူးတွဲ ထုတ်ပြန်ချက်ကို ကိုးကား၍ ငွေပြန်ထုတ်ပေးမှုများကို ဇူလိုင် ၁၅ ရက်တွင် ပထမအကြိမ်အဖြစ် စတင်မည် ဖြစ်ပြီး အသုတ်လိုက်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ Global Times က ဖော်ပြခဲ့သည်။

ငွေကြေးအကျပ်အတည်း ကြုံတွေ့နေရသော ဘဏ်များမှ ငွေပြန်ပေးရန် တောင်းဆိုသည့် ရာနှင့်ချီသော ငွေ အပ်နှံသူများ၏ ဆန္ဒပြမှုကို ဇူလိုင် ၁၀ရက်က လူစုခွဲပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်ရှိ ကျေးလက်ဘဏ် ၄ ခုသည် ဧပြီလကတည်းက ဒေါ်လာသန်းပေါင်းများစွာ ရှိသည့် အပ်ငွေများကို ထိန်းချုပ်ခဲ့ပြီး ကိုဗစ်ကန့်သတ်ပိတ်ဆို့မှုဖြင့် အထိနာနေသော စီးပွားရေးအခြေအနေ တွင် ထောင်ပေါင်းများစွာသော သုံးစွဲသူများ၏ အသက်မွေးဝမ်းကြောင်းကို ပိုမိုဆိုးရွားစေခဲ့သည်။

ရာနှင့်ချီသော ငွေအပ်နှံထားသူများသည် ပြည်နယ်မြို့တော် ကျန်းကျိုးမြို့တွင် ဆန္ဒပြမှုများစွာ ပြုလုပ်ခဲ့သော် လည်း တောင်းဆိုချက်များကို အာဏာပိုင်များက လျစ်လျူရှုထားခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထား သည်။

ဇူလိုင်လ ၁၀ရက်တွင် ငွေအပ်နှံထားသူ ၁,ဝဝဝ ကျော်သည် တရုတ်၏ ဗဟိုဘဏ်ဖြစ်သော တရုတ်ပြည်သူ့ ဘဏ်၏ ကျန်းကျိုးဘဏ်ခွဲ အပြင်ဘက်တွင် စုရုံးကာ အကြီးမားဆုံး ဆန္ဒပြမှုကို စတင်ခဲ့သည်။

ဆန္ဒပြပွဲများကို နှိမ်နင်းရန် ပြည်နယ်အစိုးရက အရပ်ဝတ်ရဲသားများကို အသုံးပြုခဲ့သည်။

ယင်းသည် ငွေအပ်နှံ ထားသူများ၏ ၄ ကြိမ်မြောက် ဆန္ဒပြမှုဖြစ်ပြီး ဗဟိုနှင့် ဒေသဆိုင်ရာ အစိုးရများက အချိုး ကျငွေမည်မျှ ပြန်ထုတ်ပေးမည်ကို သဘောတူညီချက်မရရှိမချင်း ဆက်လက်လုပ်ဆောင်သွား ဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly