စစ်ကောင်စီတပ်က ဘန့်ဘွေးကျေးရွာမှ စစ်ရှောင်ပြည်သူ ၆၀ ခန့်ကို ဖမ်းဆီးထား

စစ်ကောင်စီတပ်က ဘန့်ဘွေးကျေးရွာမှ စစ်ရှောင်ပြည်သူ ၆၀ ခန့်ကို ဖမ်းဆီးထား

ဇူလိုင် ၁၈

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာအနီးတောစပ်ရှိ စစ်ရှောင်တဲများကို စစ်ကောင်စီတပ် က ဇူလိုင်လ ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် ရုတ်တရက်ဝင်ရောက်၍ စစ်ရှောင်ပြည်သူ ၆၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး တဲရှစ်လုံးကို မီးရှို့ဖျက်ခဲ့ကြောင်း သိရသည်။

“အရပ်ဝတ်နဲ့ ရုတ်တရက်ဝင်လာတာဆိုတော့ အကုန်လုံး ဘာမှမသိလိုက်ရဘူး။ ရောက်တာနဲ့ သေနတ် တွေ အဆက်မပြတ်ဖောက်ပြီး ဝင်လာတယ်။ စစ်ရှောင်ဦးရေက ၆၀ လောက်ရှိပါတယ်။ပြီးတော့ စစ်ရှောင် တဲတွေ အကုန်လုံးကို မီးရှို့တယ်။ အမျိုးသားတွေဆို ရိုက်နှက်ပြီးစစ်ဆေးတယ်။ အမျိုးသမီးတွေတော့ ဘန့်ဘွေးဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ဖမ်းဆီးထားတယ်” ဟု ထွက်ပြေးလွတ်မြောက်လာ သည့် လုံခြုံရေးအရအမည်မဖော်လိုသူတစ်ဦးက ဆိုသည်။

ဘန့်ဘွေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ တပ်စွဲနေသည်မှာ ခြောက်လကျော် ပြီဖြစ်ကြောင်းသိရသည်။

စစ်ရှောင်ကာလကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေးအခက်အခဲများ ရှိနေ ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

#Mizzima

#စစ်ကိုင်တိုင်း

#ယင်းမာပင်မြို့နယ်

#ဘန့်ဘွေးကျေးရွာ

#စစ်ရှောင်ပြည်သူ

#ဖမ်းဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required