အစိုးရကို ဆန့်ကျင်သူများနှင့် ပတ်သက်သည့် သတင်းပေးခြင်းများအတွက် တိဗက်ရှိ လာဆာရဲတပ်ဖွဲ့က ဆုကြေးများ ပေးနေ

By ANI
17 July 2022
အစိုးရကို ဆန့်ကျင်သူများနှင့် ပတ်သက်သည့် သတင်းပေးခြင်းများအတွက် တိဗက်ရှိ လာဆာရဲတပ်ဖွဲ့က ဆုကြေးများ ပေးနေ
Photo: EPA

တိဗက်၊ လာဆာမြူနီစီပယ် ပြည်သူ့လုံခြုံရေးဗျူရိုက "တည်ငြိမ်မှု သံမဏိတံတိုင်း တစ်ခုတည်ဆောက်ရန်" "နိုင်ငံတော်လုံခြုံရေး" ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများကို တိဗက်လူမျိုးများက ကျူးလွန်ကြောင်း သတင်းပေးပို့ပါက ဆုကြေးများပေးမည်ဟု ကမ်းလှမ်းထားကြောင်း ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောကြားလိုက်သည်။

တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားမွေးနေ့ဖြစ်သည့် ဇူလိုင် ၆ ရက် မတိုင်မီတွင် ဒေသဆိုင်ရာ အာဏာပိုင်များက တိဘက်မြို့တော် လာဆာရှိ တိဗက်လူမျိုးများအတွက် ငွေကြေးမက်လုံးအဖြစ် တရုတ်ယွမ် ၃၀ဝ,ဝဝဝ (အမေရိကန်ဒေါ်လာ ၄၄,၈၄၀) အထိ ကမ်းလှမ်းခဲ့သည်။

နိုင်ငံတကာ တိဗက်လှုပ်ရှားမှုအဖွဲ့(ICT) ၏ အဆိုအရ အဆိုပါ သတိပေးချက်တွင် ဖော်ပြထားသော အချက် ၁၂ ချက်အနက် ၈ ချက်သည် တရုတ်အစိုးရက “တရားမဝင်၊ ရာဇဝတ်မှုလှုပ်ရှားမှုများ” ဟု သတ်မှတ်ထား သော တိဗက်လှုပ်ရှားမှုများနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။

ဥပမာ တိဗက်ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားအကြောင်း နိုင်ငံခြားသတင်းစာ ဆောင်းပါးများ သို့မဟုတ် ထုတ်လွှင့်မှုများ ဖတ်ရှုခြင်း သို့မဟုတ် ပြောဆိုခြင်းတို့ ပါဝင်နိုင်သည်။

“ဗျူရိုကို အစီရင်ခံရမယ့် ကဏ္ဍကို အသေးစိတ်ဖော်ပြထားတဲ့ အချက် ၁၂ ချက်ထဲမှာ၊ အချက် ၈ ချက်က အတွေးအ ခေါ်နဲ့ သဘောထားကို အကာအကွယ်ပေးထားတယ်လို့ ယူဆနိုင်တဲ့ အချက်တွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်” ဟု ICT က ပြောကြားခဲ့သည်။

“နိုင်ငံတကာ တိဗက်လှုပ်ရှားမှုအဖွဲ့(ICT) က ဒီအစီအမံတွေနဲ့ ပတ်သက်ပြီး အရမ်းစိုးရိမ်နေပါတယ်” ဟု ICT က ဇူလိုင် ၈ရက်တွင် ပြောကြားခဲ့သည်။

ယင်းရလဒ်များသည် တိဗက်လူမျိုးများ၏ ဘဝများကို နက်ရှိုင်းစွာ ထိခိုက်စေပြီး ငြိမ်းချမ်းသော သဘော ထားကွဲလွဲမှုများနှင့် နိုင်ငံတကာဥပဒေဖြင့် အကာအကွယ်ပေးထားသည့် လုပ်ရပ်များကို ရာဇဝတ်မှုအဖြစ် သတ်မှတ်သည့် အာဏာရှင်စနစ်၏ လုပ်ဆောင်ချက်အစီအမံများကို ကိုယ်စားပြုထားကြောင်း ဆိုသည်။

အများပြည်သူသတိပေးချက်အတွက် အခြေခံများအဖြစ် တရုတ်နိုင်ငံနှင့် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဥပဒေများနှင့် စည်းမျဉ်းများကို ကိုးကားပြီး ပြည်သူ့လုံခြုံရေးဗျူရိုက အတိအလင်းဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly