တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုအကြား ထိုင်ဝမ်က ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး အကြီးဆုံး လေ့ကျင့်မှု ပြုလုပ်

By ANI
16 July 2022
တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုအကြား ထိုင်ဝမ်က ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး အကြီးဆုံး လေ့ကျင့်မှု ပြုလုပ်

ထိုင်ဝမ်သည် ယူကရိန်းစစ်ပွဲနှင့် တရုတ်ကျူးကျော်မှုပုံစံ သဏ္ဍာန်လုပ်ဇာတ်တိုက်မှုအဖြစ် ကမ္ဘာ့အကြီးဆုံး ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း မီဒီယာသတင်းများတွင် ဖော်ပြသည်။

တိုင်ပေမြို့သည် ဇူလိုင် ၁၄ ရက်တွင်ပြုလုပ်မည့် အကြီးမားဆုံး ဘေးအန္တရာယ်တုံ့ပြန်ရေးလေ့ကျင့်မှုအဖြစ် လူပေါင်း ၁ ၈၀၀ ထက်မနည်း စုဝေးမည်ဖြစ်ကြောင်း Taiwan News က ဇူလိုင် ၁၃ ရက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် Min An 8 စစ်ရေးလေ့ကျင့်မှုတွင် ယာဉ်အစီးရေ ၂၀၀၊ ရဟတ်ယာဉ်လေးစီးနှင့် ဒရုန်းအစီး ၂၀ ပါဝင်မည်ဖြစ်ပြီး လေ့ကျင့်မှုတွင် ပထမဆုံးအကြိမ်အဖြစ် စစ်ပွဲအတွင်း ဘေးအန္တရာယ် ကယ်ဆယ်ရေးပုံစံလည်း ပြုလုပ်မည်ဖြစ်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

တရုတ်သည် ထိုင်ဝမ်နှင့် အရှေ့တောင်အာရှ ၄ နိုင်ငံတို့ အငြင်းပွားလျက်ရှိသည့် သယံဇာတပေါကြွယ်ဝသော တောင်တရုတ်ပင်လယ်ပိုင်နက်အများစုကို ပိုင်ဆိုင်ကြောင်းအခိုင်အမာပြောဆိုထားသလို ထိုင်ဝမ်ကလည်း ထိုင်ဝမ်ရေလက်ကြားအပေါ် တရုတ်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အခိုင်အမာပြောဆိုသည်မှာ မှားယွင်း နေကြောင်းနှင့် မည်သည့်နိုင်ငံမဆို ရေပိုင်နက် ၁၂ မိုင်ထိ အပြည့်အဝပိုင်ဆိုင်ကြောင်း ယုံကြည်ထားသည်ဟု ဆိုသည်။

၁၉၄၉ ခုနှစ်က တရုတ်ပြည်တွင်းစစ်တွင် တရုတ်ကွန်မြူနစ်တပ်ဖွဲ့များက အမျိုးသားရေးအုပ်စုများကို အောင်နိုင်ပြီးနောက် အမျိုးသားရေးဝါဒီအဖွဲ့သည် ထိုင်ဝမ်သို့ထွက်ပြေးကာ စင်ပြိုင်အစိုးရကို တည်ထောင်ကတည်းက တရုတ်စစ်တပ်၏ ခြိမ်းခြောက်မှုအောက်တွင် နေနေကြရသည်။

ထိုင်ဝမ်ကျွန်းစုသည် ၁၉၇၀ နှစ်လွန်များအထိ တရုတ်စစ်တပ်၏ မကြာမကြာပစ်ခတ်မှုကို ကြုံတွေ့ခဲ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly