မန္တလေးမြို့တွင် ပေါက်ကွဲမှုဖြစ်ပွား စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိ

မန္တလေးမြို့တွင် ပေါက်ကွဲမှုဖြစ်ပွား စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိ

မန္တလေး

မန္တလေးမြို့တွင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုတချို့ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့ကြောင်း Kings Cobra Guerrilla Force -MDY အဖွဲ့ခေါင်းဆောင် ဗိုလ်မြွေပွေးထံက သိရသည်။

"အရပ်ဘက်ပရဟိတကားမသုံးရဲလို့ ခိုးကြောင်ခိုးဝှက်နဲ့ လပခ(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) ဆေးရုံကို သယ်ဆောင်ပြီး အရေးပေါ်ကုသနေဟုသိရတယ် "ဟု ဗိုလ်မြွေးပွေးက ဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၁၄ရက်နေ့ညပိုင်းက မန္တလေးမြို့အောင်မြေသာစံမြို့နယ်တရားရုံးနှင့် အိန္ဒိယသံရုံးရှေ့ရှိ ဂိတ်တဲတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အောင်မြေသာစံမြို့နယ်တရားရုံး အစောင့်ကျနေသည့် စစ်သားနှစ်ဦးနှင့် အိန္ဒိယသံရုံးရှေ့တွင် အစောင့်ကျသည့် စစ်သားလေးဦး စုစုပေါင်း ခြောက်ဦး ထိခိုက်ခဲ့ကြောင်း ဗိုလ်မြွေပွေးက ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုကို Mother Son Mandalay Force၊ Myanmar Revolution Ranger force နှင့် Kings Cobra Guerilla Force- MDY စသည့် မြို့ပြ ပြောက်ကျား အဖွဲ့ သုံးဖွဲ့က ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုဘက်မှ ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း မြို့ပြပြောက်ကျား အဖွဲ့သားများ အထိခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင်လ ၁၄ရက်နေ့ညပိုင်းက မန္တလေးမြို့တွင် ပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး ၈၆ လမ်း ဒေါနခြံရပ်ကွက်အတွင်းရှိ စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင် ဗုံးထုခံခဲ့ရသလို မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့တွင်လည်း ပေါက်ကွဲခဲ့ကာ အထိခိုက်အကျဆုံးကို မသိရသေးပေ။

#mizzima

#ပေါက်ကွဲမှုဖြစ်ပွား

#မန္တလေးမြို့

#အထိခိုက်အကျဆုံး

#မြို့ပြပြောက်ကျား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly