ကြံခင်းမြို့နယ်လျှစ်စစ်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ

ကြံခင်းမြို့နယ်လျှစ်စစ်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ

ဇူလိုင် ၁၄

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် ဇူလိုင်လ ၁၃ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်ခန့်အချိန်က မြို့နယ်လျှပ်စစ်ရုံး ဗုံးပစ်တိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဧရာဝတီဒေါင်းတမာန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( AYA - DAUNG TAMAN ) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို အတိအကျမသိရသေး ကြောင်း ယင်းအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ပြည်သူတွေထံက မီတာခတိုးမြှင့်ကောက်ခံတာတွေ၊ စစ်ကောင်စီနဲ့ပူးပေါင်းပြီး လက်နက်ပြခြိမ်းခြောက် တာတွေနဲ့ မီတာပုံးတွေဖြုတ်သိမ်းတာတွေလုပ်နေလို့ လျှပ်စစ်ရုံးထဲကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့ ဧရာဝတီဒေါင်းတမာန် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်၊ အကျအဆုံးမရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

ကြံခင်းမြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများအနေဖြင့် ပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များ ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက ယခုထက်ပိုမိုပြင်းထန်သည့်တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်သွားမည်ဟု ဧရာဝတီဒေါင်းတမာန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူကဆက်လက်ပြောသည်။

ဗုံးပေါက်ကွဲမှုအပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီတပ်များနှင့် ရဲများ ရောက်ရှိလာကြသည်ဟု သိရပြီး ကြံခင်းမြို့နယ် လျှစ်စစ်ရုံးနှင့်လမ်းမကြီးများပေါ်တွင်စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ပြော ပြချက်အရ သိရသည်။

#Mizzima

#ဧရာ၀တီတိုင်း

#ကြံခင်းမြို့

#မြို့နယ်လျှပ်စစ်ရုံး

#ဗုံးပစ်တိုက်ခိုက်

#AYA_DAUNG_TAMAN

#ဧရာဝတီဒေါင်းတမာန်

#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly