ထောက်လှမ်းရေးအေဂျင်စီကို အထူးလုပ်ပိုင်ခွင့်များ ပေးအပ်မှုအပေါ် ပါကစ္စတန် အာဏာရ ညွန့်ပေါင်းအုပ်စုအတွင်း သဘောကွဲလွဲမှုများ ရှိနေ

By Tribune
13 July 2022
ထောက်လှမ်းရေးအေဂျင်စီကို အထူးလုပ်ပိုင်ခွင့်များ ပေးအပ်မှုအပေါ် ပါကစ္စတန် အာဏာရ ညွန့်ပေါင်းအုပ်စုအတွင်း သဘောကွဲလွဲမှုများ ရှိနေ

ပါကစ္စတန်နိုင်ငံတွင် ထောက်လှမ်းရေးအေဂျင်စီ (ISI) ကို အထူး စစ်ဆေးစိစစ်မှု အေဂျင်စီ (SVA) တစ်ခု၏ အဆင့်အတန်းမျိုး ပေးအပ်ခဲ့သည့် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်၏ ဆုံးဖြတ်ချက်ကို အာဏာရပါတီ၏ အဖွဲ့ဝင်များနှင့် ယင်း၏ မဟာမိတ်များက ဇူလိုင် ၂ ရက်တွင် မေးခွန်းထုတ်ခဲ့ကြသည်။

ယင်းကဲ့သို့ အထူးလုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းအားဖြင့် အေဂျင်စီအနေဖြင့် အစိုးရအရာရှိအားလုံး၏ အလုပ်ဝင်မှု၊ ရာထူးခန့်အပ်မှုများ၊ တာဝန်ချထားမှုများနှင့် ရာထူးတိုးမှုများ မတိုင်မီ စစ်ဆေးကြပ်မတ်မှုများ လုပ်ပိုင်ခွင့် ရရှိနိုင်မည် ဖြစ်သည်။

ယခုကိစ္စနှင့် စပ်လျဉ်းပြီး ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က ညွန့်ပေါင်း ပါတနာများနှင့် ပါလီမန်ကို ဖွင့်ပြောတိုင်ပင်ခြင်း မရှိဘဲ လုပ်ဆောင်ခဲ့ခြင်းအတွက် မဟာမိတ်ပါတီများမှ ပါတီဝင်အချို့က ဝေဖန်ခဲ့ကြသည်။ ယခုကိစ္စကို တရားရုံးအထိ ရောက်စေရန် လုပ်ဆောင်မည်ဟု ၎င်းတို့က ပြောသည်။

ဝန်ကြီးချုပ်အနေဖြင့် အကြောင်းကြားချက်တွင် နိုင်ငံရေးသမားများကို ထည့်သွင်းရန် စဉ်းစားသင့်ကြောင်းနှင့် “သစ္စာဖောက် အများစု” က ထိုနေရာတွင် ရှိနေ၍ ဖြစ်ကြောင်း ၎င်းတို့က အရွှန်းဖောက် ပြောဆိုကြသည်။

“ဒီကိစ္စကို ညွန့်ပေါင်း ပါတနာတွေနဲ့ ပါလီမန်ရဲ့ နောက်ကွယ်မှာ လုပ်ခဲ့တာပါ” ဟု ပါကစ္စတန် ပြည်သူ့ပါတီ (PPP) အထွေထွေ အတွင်းရေးမှူး ဖာဟတ်တူလာ ဘာဘာက ပြောသည်။ လက်ရှိ အစိုးရသည် ပါတီတစ်ခုတည်းဖြင့် ဖွဲ့ထားသော အစိုးရ မဟုတ်သည့်အတွက် ဝန်ကြီးချုပ်အနေဖြင့် မည်သည့်အတွက်ကြောင့် ယခုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရသလဲဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly