ရှင်ကျန်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ၁၃ နှစ်မြောက် အထိမ်းအမှတ်နေ့တွင် လွတ်လပ်ရေးကို ထောက်ခံအားပေးရန် အရှေ့တာကစ္စတန်အဝေးရောက်အစိုးရက ကမ္ဘာ့နိုင်ငံများကို တိုက်တွန်း

ရှင်ကျန်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ၁၃ နှစ်မြောက် အထိမ်းအမှတ်နေ့တွင် လွတ်လပ်ရေးကို ထောက်ခံအားပေးရန် အရှေ့တာကစ္စတန်အဝေးရောက်အစိုးရက ကမ္ဘာ့နိုင်ငံများကို တိုက်တွန်း

တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ်ရှိ ဥရွမ်ချီမြို့တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့သည့် ၁၃ နှစ်မြောက် အထိမ်း အမှတ်အဖြစ် ဇူလိုင်လ ၅ရက်က အိမ်ဖြူတော်အရှေ့တွင် ဒါဇင်နှင့် ချီသည့် ဝီဂါများ စုဝေးကာ အရှေ့တာ ကစ္စတန်ကို သိမ်းပိုက်ခံထားရသည့် နိုင်ငံအဖြစ် အသိအမှတ်ပြုပြီး အမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ် ရေးရပိုင်ခွင့်များကို ထောက်ခံရန် အမေရိကန်အစိုးရကို တောင်းဆိုလိုက်သည်။

အရှေ့တာကစ္စတန်အဝေးရောက်အစိုးရနှင့် အရှေ့တာကစ္စတန်အမျိုးသားနိုးကြားရေး လှုပ်ရှားမှုအဖွဲ့က ၂၀ဝ၉ ခုနှစ် ဇူလိုင်လ ၅ ရက်၊ ဥယုံမုချီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအထိမ်းအမှတ်အဖြစ် အိမ်ဖြူတော်မှ အမေရိ ကန်နိုင်ငံခြားရေးဌာနသို့ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြသည်။

တရုတ်ကွန်မြူနစ်အစိုးရသည် စစ်အင်အားကို အလွန်အကျွံအသုံးပြုပြီး ဝီဂါဆန္ဒပြသူများကို ပစ်ခတ်ကာ ထောင်နှင့်ချီသော လူများကို အတင်းအဓမ္မဖမ်းဆီးခဲ့သည်။

ယင်းနောက် ဇူလိုင် ၅ ရက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီး လအတန်ကြာသည်အထိ ဝီဂါများ ကို ဥပဒေမဲ့ဖမ်းဆီးရေးအတွက် ယင်းကိစ္စကို အကြောင်းပြချက်အဖြစ် တရုတ်အစိုးရက အသုံးပြုခဲ့သည်။

ရလဒ်အနေဖြင့် ရဲများက ဖမ်းဆီးမှုအများအပြားပြုလုပ်ခြင်းကြောင့် ရာနှင့်ချီသည့် ဝီဂါအမျိုးသားများ ပျောက် ကွယ်သွားခဲ့ရသည်။

ခန့်မှန်းချက်အရ ၂၀ဝ၉ ခုနှစ် ဇူလိုင်လလယ်အထိ ဖမ်းဆီးခံရသူ ၄၀ဝဝ ခန့်ရှိခဲ့ပြီး ဥရွမ်ချီအကျဉ်းထောင်များ တွင် လူပြည့်သွားသဖြင့် အသစ်ဖမ်းဆီးခံရသူများကို တရုတ်စစ်တပ်သိုလှောင်ရုံများတွင် ထိန်းသိမ်း ထားခဲ့ရ သည်။ အချို့က ဖမ်းဆီးခံရသူ အရေအတွက်မှာ ပိုများနိုင်သည်ဟု ဆိုကြသည်။

အဆိုပါဖြစ်စဉ်များအပြီးတွင် သတင်းအချက်အလက် စီးဆင်းမှုကို တားဆီးရန် အင်တာနက်အသုံးပြုခွင့်၊ မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုနှင့် နိုင်ငံတကာဖုန်းခေါ်ဆိုမှုများကို ပိတ်ပင်ခဲ့သည်။

၁၃နှစ်ကြာသွားပြီဖြစ်သော်လည်း ဝီဂါများ၊ ကာဇတ်များ၊ တာတာများ၊ ကာဂျစ်များ၊ ဥဇဘက်များနှင့် အခြား သော တာကစ်လူမျိုးများသည် တရုတ်လက်အောက်တွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် အစုလိုက်အပြုံလိုက် ထိန်းသိမ်းခံရခြင်းများကြောင့် အရှေ့တာကစ္စတန်တွင် အခြေအနေ ပိုဆိုးလာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required