ပါကစ္စတန် တက္ကသီလမြို့၌ ပျောက်ဆုံးကျောင်းသား ၃ ဦး ကို ၃ ပတ်ကြာသည်အထိ ပြန်ရှာမတွေ့သေး

ပါကစ္စတန် တက္ကသီလမြို့၌ ပျောက်ဆုံးကျောင်းသား ၃ ဦး ကို ၃ ပတ်ကြာသည်အထိ ပြန်ရှာမတွေ့သေး

ပါကစ္စတန်နိုင်ငံ တက္ကသီလမြို့တွင် ပြီးခဲ့သည့် သီတင်းပတ် သုံးပတ်အကြာက ပျောက်ဆုံးနေခဲ့သည့် အသက် ၁၂ နှစ်နှင့် ၁၄ နှစ်အကြား ကျောင်းသားသုံးဦးကို ယခုအချိန်အထိ ပြန်ရှာမတွေ့သေးဟု သိရသည်။

ဝါဟ်စံပြမြို့ ကျမ်းစာသင်ကျောင်းတစ်ကျောင်းမှ ပျောက်ဆုံးသွားသော အဆိုပါ ကျောင်းသားများနှင့် ပတ်သက်ပြီး ရဲများက သဲလွန်စ တစ်စုံတစ်ရာ ရှာမတွေ့သေးဟု Dawn သတင်းစာက ဖော်ပြသည်။

ပျောက်ဆုံး ကျောင်းသားများမှာ မိုဟာမက် အဗ္ဗဒူလာ၊ မိုဟ်ဆင်းနှင့် မိုဟာမက် နက်ဆာတို့ ဖြစ်ကြောင်း မြို့၏ အုပ်ချုပ်ရေးမှူးက ပြောသည်။

ကျမ်းစာသင်ကျောင်း၏ အုပ်ချုပ်သူဖြစ်သည့် ဘီလယ် ခန်းက ကျောင်းသားများ ထူးဆန်းစွာ ပျောက်ဆုံး သွားမှုနှင့် ပတ်သက်ပြီး ဝါဟ် ဆက်ဒါ ရဲစခန်း၌ ပြုလုပ်သော ဖိုရမ်တစ်ခု၌ အကြီးတန်းရဲမှူးကြီးကို အသိပေးပြောကြားခဲ့သည်။

ယင်းနောက် ယခုကိစ္စနှင့် ပတ်သက်ပြီး ပထမသတင်းပေးတိုင်ကြားချက် (FIR) ဖွင့်ရန် အကြီးတန်းရဲမှူးကြီးက ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့သည်။ သက်ဆိုင်ရာ အဖွဲ့များအနေဖြင့် ကျောင်းသားများကို ရှာဖွေလျက် ရှိသည်ဟု ဝါဟ် ဆက်ဒါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly