ထားဝယ်-ထီးခီး လမ်းပိုင်းရှိ မဲချောင်းရွာ အနီးတွင် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရ ၁၀ ဦး ထက် မနည်း သေဆုံး

By ကိုရွှေမြိတ်
12 July 2022
ထားဝယ်-ထီးခီး လမ်းပိုင်းရှိ မဲချောင်းရွာ အနီးတွင် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရ ၁၀ ဦး ထက် မနည်း သေဆုံး

ထားဝယ်၊ဇူလိုင်လ(၁၂)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်-ထီးခီး လမ်းပိုင်းရှိ မဲချောင်းရွာ အနီးတွင် ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် ဖြတ်သန်း မောင်းနှင် လာသည့် စစ်ကောင်စီ ယာဉ်တန်း ၁၅ စီး မိုင်းဆွဲ ခံရ၍ စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်း ၁၅စီးကို ပကာရီဖက်မှ ထားဝယ်ဖက်သို့ ဦးတည် မောင်းနှင် လာစဉ် ပြည်သူ့ ကာကွယ်ရေးဖွဲ့ (အေဒင်မှူး) ရဲဘော်များက ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပြည်သူ့ ကာကွယ်ရေးဖွဲ့ (အေဒင်မှူး) မှ တာဝန်ရှိသူ တစ်ဦးက"စစ်ကား ၁၅ စီး အနက် သုံးစီးမှာ မိုင်း ထိမှန်ခဲ့တယ်၊ စစ်တပ်က သေနတ်ဆက်တိုက် ရမ်းပစ်ပါတယ်၊ ကျနော်တို့ အဖွဲ့သားတွေက ဘေးကင်းစွာနဲ့ ပြန်လည် ဆုတ်ခွာလာခဲ့တယ်"ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲ တိုက်ခံရမှုကြောင့် ၁၀ ဦး ထက် မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

#mizzima

#စစ်ကောင်စီယာဉ်တန်း

#မိုင်းဆွဲ

#ထိခိုက်ဒဏ်ရာရ

#ဘေးကင်းစွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly