ပင်းတယ မြို့မရဲစခန်းဟောင်း သေနတ်ဖြင့် ပစ်ခတ်ခံရ

By မေဘယ်လ်သူ
12 July 2022
ပင်းတယ မြို့မရဲစခန်းဟောင်း သေနတ်ဖြင့် ပစ်ခတ်ခံရ

ဇူလိုင် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ မြို့မရဲစခန်းဟောင်း ဇူလိုင် ၁၁ ရက် ညနေပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှသိရသည်။

ပင်းတယမြို့တွင် မြို့မရဲစခန်းအသစ်နှင့်အဟောင်း နှစ်ခုရှိပြီး ရွာသစ်ရပ်ကွက်၊ မြို့တွင်းလမ်းမကြီးဘေး တွင်ရှိသည့် မြို့မရဲစခန်းအဟောင်း ပစ်ခတ်ခံရခြင်းဖြစ်သည်။

“ မနေ့က ညနေ ၄ နာရီ ခွဲလောက်က ပစ်သွားတာ။ စခန်းထဲက ထိခိုက်မှု ရှိ၊ မရှိတော့ မသိရသေးဘူး။ ပစ်ခတ်ခံရပြီးတော့ စခန်းထဲကလည်း သေနတ်သံ သုံးချက်လောက်ထွက်ပေါ်လာတယ်။ အဲ့ဒီစခန်းထဲမှာ တော့ မြို့နယ်မှူးရော ရဲတွေပါနေတဲ့ လိုင်းခန်းပဲ” ဟု ပင်းတယမြို့မှခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပင်းတယ မြို့မရဲစခန်းဟောင်းတွင် အချုပ်သားအချို့ထားရှိပြီး ရဲဝန်ထမ်းအိမ်ယာလည်းရှိနေသည်ဟု သိရသည်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်းခဲ့သည်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

မြို့မရဲစခန်းဟောင်းပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများမှ မြို့တွင်းနှင့် မြို့အဝင် အထွက်ဂိတ်များကို တင်းကြပ်စွာစစ်ဆေးခဲ့သည်ဟု သိရသည်။

ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ပင်းတယ - ရွာငံလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းနှင့် အတူ လိုက်ပါလာသည့် ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းကို ပစ်မှတ်ထားတိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး တင်းကြပ်ထားသည့်ကြားထဲမှ ယခုကဲ့သို့ ပင်းတယ မြို့မရဲစခန်းဟောင်း တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

#Mizzima

#ပင်းတယမြို့

#မြို့မရဲစခန်းဟောင်း

#သေနတ်ဖြင့်ပစ်

#တိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly