“ညီညွတ်မှ ပြည်သစ်ရမယ်”  ရွာပေါင်းစုံသပိတ်စစ်ကြောင်း 

“ညီညွတ်မှ ပြည်သစ်ရမယ်”  ရွာပေါင်းစုံသပိတ်စစ်ကြောင်း 

ဇူလိုင် ၁၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ နှင့် ဒေသတွင်းရှိ သပိတ်စစ်ကြောင်းများ  စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင် ရေး ဆန္ဒပြမှု ၄၈၈ ရက်မြောက် အဖြစ် ယနေ့ ဇူလိုင် ၁၂ ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။ 

လူထုသပိတ်စစ်ကြောင်းသည်“ညီညွတ်မှ ပြည်သစ်ရမယ်”  စာတမ်းကိုင်စွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော် သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် ၊  မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

#Mizzima
#စစ်ကိုင်းတိုင်း 
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ် 
#ရွာပေါင်းစုံသပိတ်စစ်ကြောင်း
#ချီတက်ဆန္ဒပြ
#PhotoNews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly