“လူထုတိုက်ပွဲ အရှိန်မြှင့်ကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

“လူထုတိုက်ပွဲ အရှိန်မြှင့်ကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

ဇူလိုင် ၁၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ နှင့် ဒေသတွင်းရှိ သပိတ်စစ်ကြောင်းများ စုပေါင်း၍ “လူထုတိုက်ပွဲ အရှိန်မြှင့်ကြ” စာတန်းကိုင်စွဲကာ ချီတက် ဆန္ဒပြခဲ့ကြသည်။

စစ်အာဏာရှင် ဆန့်ကျင် ရေး ဆန္ဒပြမှု ၄၈၇ ရက်မြောက် အဖြစ် ယနေ့ ဇူလိုင် ၁၁ ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြကာ လယ်သမားများမှလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက် ၂၀၂၁ နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဟုဆိုသည်။

#လူထုတိုက်ပွဲ

#အရှိန်မြှင့်ကြ

#ရွာပေါင်းစုံသပိတ်

#ယင်းမာပင်

#ဆားလင်းကြီး

#ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly