ပါကစ္စတန် ပန်ဂျပ်ပြည်နယ်၌ ကျောင်းသားများကို နှိပ်စက်ညှင်းပန်းသည့် ကျမ်းစာသင် ဆရာကို ဖမ်းဆီးထိန်းသိမ်း

ပါကစ္စတန် ပန်ဂျပ်ပြည်နယ်၌ ကျောင်းသားများကို နှိပ်စက်ညှင်းပန်းသည့် ကျမ်းစာသင် ဆရာကို ဖမ်းဆီးထိန်းသိမ်း

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် လေးယာဟ် ခရိုင် ချောက်ခ် အဇမ် ဧရိယာရှိ ဘာသာရေး ကျမ်းစာသင် ကျောင်း ၌ အသက်မပြည့်သေးသည့် ကျောင်းသားများကို ညှင်းပန်းနှိပ်စက်မှုအတွက် ဆရာတစ်ဦးကို ဇူလိုင် ၂ ရက်က သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

ထိန်းသိမ်းခံရသည့် ဆရာဖြစ်သည့် မိုဟာမက် အေရစ် ဆိုဟေးလ်သည် အသက် ၁၀ နှစ်ခန့်ရှိ ကျောင်းသား၂ဦးကို ကျောင်းစာများ ပြင်ဆင်မလာသောကြောင့်ဟု ဆိုပြီး ပီဗွီစီကော်ပိုက်ပိုက်ဖြင့် ရိုက်ခဲ့သည်ဟု ရဲများက ပြောသည်။ ရိုက်နှက်အပြစ်ပေးခံရမှုကြောင့် ကျောင်းသားများသည် ကျောဘက်နှင့် ခြေထောက်များတွင် ဒဏ်ရာ အမာရွတ်များ ဖြစ်ကျန်ခဲ့သည်။

နှိပ်စက်ခံရသည့် ကျောင်းသားတစ်ဦး၏ ဖခင် ခါရှစ် ခန်း၏ တိုင်ကြားမှုကြောင့် အဆိုပါ ဆရာဖြစ်သူကို အမှုဖွင့်လှစ်ခဲ့သည်။

ချောက်ခ်အဇမ် ရဲတပ်ဖွဲ့သည် တိုင်ကြားခံရသည့် ဆရာဖြစ်သူကို ဖမ်းဆီးထိန်းသိမ်းထားသလို ညှင်းပန်းနှိပ်စက်ခံ ကျောင်းသားများကို ဆေးစစ်ရန်နှင့် ဆေးကုသမှုခံယူစေရန် ဆေးရုံတစ်ခုသို့ ပို့ထားကြောင်း ခရိုင်ရဲအရာရှိ နီဒါ အူမာ ချတ်တာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly