ကော့သောင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က မသန်စွမ်းအဖွဲ့ဝင်လူငယ်ကို ညအချိန်ဝင်ရောက်ဖမ်းဆီး

ကော့သောင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က မသန်စွမ်းအဖွဲ့ဝင်လူငယ်ကို ညအချိန်ဝင်ရောက်ဖမ်းဆီး

ဇူလိုင်လ ၁၀ ရက်

တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် ဇူလိုင်လ ၈ ရက်နေ့ ည ၁၂ နာရီခန့်တွင် မြို့နယ်မသန်စွမ်းအဖွဲ့ဝင် လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်ဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသည့် လူငယ်အမျိုးသားမှာ ကိုထွန်းဝင်းအောင်ဆိုသူဖြစ်ပြီး ၎င်းသည် ကော့သောင်းမြို့ခံ တစ်ဦးဖြစ်ပြီး ယခင်က ရွှေပြည်စိုးကျေးရွာတွင် နေထိုင်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ကော့သောင်းမြို့ခံတစ်ဦးက“သူ့ကို စစ်တပ်က ဘာကြောင့် ဖမ်းသွားလည်း ဆိုတာမသိပါဘူး။ ညဖက်ကြီး ဖမ်းဆီးခံရတာဖြစ်တယ်။ နောက်ပြီး သူက မွေးရာပါခြေတစ်ဖက်မသန်သူတစ်ဦးဖြစ်ပါတယ်”ဟု ပြော သည်။

ကိုထွန်းဝင်းအောင်သည် စစ်တပ်ကအာဏာသိမ်းပြီးနောက် နေအိမ်တွင် နေထိုင်ခြင်း မရှိဘဲ တိမ်းရှောင် နေသူဖြစ်ပြီး ၎င်းကို စစ်ကောင်စီတပ်ဖွဲ့က မည်သည့်နေရာတွင် ဖမ်းဆီးခဲ့သည်ကိုမူ မသိရှိရကြောင်း ဒေသခံများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly