မုံရွာမြို့ လှည်းဂိတ်တွင် ဆီပေပါတင် မော်တော်ယာဥ် မီးလောင်ပေါက်ကွဲ

မုံရွာမြို့ လှည်းဂိတ်တွင် ဆီပေပါတင် မော်တော်ယာဥ် မီးလောင်ပေါက်ကွဲ

ဇူလိုင်လ ၁၀ ရက်

စစ်ကိုင်းတိုင်း မုံရွာမြို့ လှည်းဂိတ်တွင် ဆီပေပါတင် မော်တော်ယာဥ် တစ်စီး သည် ယနေ့ ဇူလိုင်လ ၁ဝ ရက် နံနက် ၉ နာရီ မိနစ် ၂၀ ခန့်တွင် မီးလောင်ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။

" မော်တော်ယာဥ်ထဲမှာ ဆီအပြည့်နဲ့ လှောင်ထားတဲ့ ဆီပေပါတွေ ထပေါက်ကွဲပြီး မီးလောင်သွားတယ် ၊ ပေါက်ကွဲသံကြားပြီး ဘယ်လောက်မှ မကြာဘူး မီးခိုးတွေ အူတက်လာတယ် ၊ မီးတောက်က တော်တော်လေး ကြီးပါတယ် ၊ အခုအချိန်ထိ ကြိုးစားပြီး မီးငြိမ်း နေရပါတယ် ၊ မြို့ပေါ်မှာ ရှိတဲ့ မီးသတ်ကားတွေ အကုန်ခေါ်ထားရပါတယ်၊ ဘာကြောင့် ဘယ်လို ပေါက်ကွဲတယ် ဆိုတာတော့ အတည်ပြုလို့ မရသေးဘူး " ဟု လှည်းဂိတ် အနီး နေထိုင်သူ တစ်ဦးက ဆိုသည်။

မုံရွာမြို့တွင် လုယက်သူ ၊ သူခိုး ၊ခါးပိုက်နှိုက်များ ပေါများသောင်းကျန်းနေပြီး မြို့ပေါ်တွင် နေထိုင်သွားလာနေသည့် ပြည်သူများအနေဖြင့် အထူးသတိထား သွားလာနေရကြောင်း မုံရွာမြို့ခံ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly