တရုတ်လုပ်ငန်းအဖွဲ့အစည်းများမှ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းမှု ၈၀ ကို အိန္ဒိယသဘောတူလက်ခံ

တရုတ်လုပ်ငန်းအဖွဲ့အစည်းများမှ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းမှု ၈၀ ကို အိန္ဒိယသဘောတူလက်ခံ

အိန္ဒိယနိုင်ငံက ဇွန် ၂၉ ရက်အထိ တရုတ်လုပ်ငန်းအဖွဲ့အစည်းများအနက်မှ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) ၈၀ ကို လက်ခံထားကြောင်း သတင်းအချက်အလက်သိပိုင်ခွင့်အဖွဲ့ (RTI) မှ ထုတ်ပြန်သည့် အချက် အလက်များအရ သိရှိရသည်။

‌ကုန်းမြေနယ်နမိတ်ချင်း ထိစပ်နေသည့် နိုင်ငံများမှရင်းနှီးမြှုပ်နှံမှုများကို တားမြစ်ကန့်သတ်ချက် ချမှတ်ထားပြီး ချိန်မှစ၍ တရုတ်နိုင်ငံမှ လုပ်ငန်းအဆိုပြုမှု ၃၈၂ ခုကို အိန္ဒိယအစိုးရက လက်ခံရရှိခဲ့ကြောင်း RTI ၏ မေးမြန်းမှုအပေါ် စက်မှုနှင့် ပြည်တွင်းကုန်သွယ်ရေး မြှင့်တင်မှုဌာန (DPIIT) က ပြန်လည်ပြောကြားခဲ့သည်။

ကမ်းလှမ်းမှုများအနက် အရေအတွက်မည်မျှကို ပယ်ချခဲ့ကြောင်း ရှင်းလင်းစွာ မသိရှိရပေ။ နယ်စပ်တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း အိန္ဒိယအစိုးရက ကုန်းမြေနယ်နမိတ်ထိစပ်နေသည့် နိုင်ငံများမှ FDI များအတွက် လုံခြုံရေးဆိုင်ရာသဘောတူ အတည်ပြုချက်ကို မဖြစ်မနေ ကြိုတင်ရယူရန် ၂၀၂၀ ပြည့်နှစ်တွင် သတ်မှတ်ခဲ့သည်။

အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်လယ်ပိုင်းအထိ အဆိုပါ နိုင်ငံများမှ FDI များကို ခွင့်ပြုမပေးခဲ့သော်လည်း အဆိုပြုလွှာ များကို ထိုအချိန်မှစ၍ တစ်ခုချင်းစီ စတင်စိစစ်ခဲ့သည်။

အစိုးရက အဆိုပြုလွှာများကို စနစ်တကျ သတိကြီးစွာ စိစစ်နေသောကြောင့် အတည်ပြုချက်အတွက် နှေးကွေးနေခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly