အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဘာလီကျွန်းတွင် ကျင်းပသည့် ဂျီ-၂၀ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဘာလီကျွန်းတွင် ကျင်းပသည့် ဂျီ-၂၀ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်

‌အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာသည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်သည့် ဂျီ-၂၀ စက်မှုထိပ်သီးနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (FMM) သို့ ဇူလိုင် ၇ နှင့် ၈ ရက်များတွင် တက်ရောက်ခဲ့သည်။

အစည်းအဝေး၏ သီးခြားတွေ့ဆုံပွဲတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီနှင့် ဇူလိုင် ၇ ရက်က သွးရောက်တွေ့ဆုံခဲ့သည်။

‌ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ-၂၀ (ဂျီ-၂၀) အဖွဲ့တွင် အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ တရုတ်၊ ဂျာမနီ၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ မက္ကဆီကို၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ တူရကီ၊ အမေရိကန်နှင့် ဗြိတိန်တို့ ပါဝင်ကြသည်။

‌ထို့ပြင် အိန္ဒိယပြည်ပရေးရာဝန်ကြီးသည် အာရပ်စော်ဘွားများနိုင်ငံခြားရေးဝန်ကြီးရှိတ်ခ် အဗ္ဗဒူလာဘင်ဇာယက်အယ်လ်နာရန်၊ ဆီနီဂေါနိုင်ငံခြားရေးဝန်ကြီး အိုင်ဆာတာတော်လ်ဆောနှင့်လည်း သီးခြားစီ တွေ့ဆုံခဲ့သည်။

‌ယခုပြုလုပ်သည့် ဂျီ-၂၀ အစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးများက နိုင်ငံအချင်းချင်း ဆက်ဆံမှုတိုးမြှင့်ရေးနှင့် စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေးအပါအဝင် ကမ္ဘာပေါ်တွင် လက်ရှိ ဖြစ်ပွားနေသည့် အခက်အခဲများအကြောင်းကဲ့သို့ မျက်မှောက်ရေးရာ အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီးအနေဖြင့် ဂျီ-၂၀ အစည်းအဝေးသို့ တက်ရောက်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့အကြား ဆက်ဆံရေးကို ပိုမိုအားကောင်းလာစေမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required