ပါကစ္စတန် အထည်အလိပ်လုပ်ငန်းတွင် တရုတ် လျှို့ဝှက်စွာပတ်သက်မှုကြောင့် လုပ်ငန်းများအကျိုးစီးပွား ဆုံးရှုံမှုအတွက် ဥရောပသမဂ္ဂ စိုးရိမ် 

ပါကစ္စတန် အထည်အလိပ်လုပ်ငန်းတွင် တရုတ် လျှို့ဝှက်စွာပတ်သက်မှုကြောင့် လုပ်ငန်းများအကျိုးစီးပွား ဆုံးရှုံမှုအတွက် ဥရောပသမဂ္ဂ စိုးရိမ် 

တရုတ်ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းသည် နောက်ဆုံးတွင် ပါကစ္စတန်ရှိ အထည်အလိပ်လုပ်ငန်းအပေါ် အခွင့်ကောင်းယူနိုင်ခဲ့သည်။

ပါကစ္စတန်ကုန်ပစ္စည်းများကို အခွန်လုံးဝသက်သွာခွင့်ပေးထားသည့် ဥရောပသမဂ္ဂ၏ GSP+ မှ အကျိုးအမြတ်ကို ကြားခံသုံးပြီး တရုတ်က အကျိုးဖြစ်ထွန်းနေသည်။

တရုတ်၏ လုပ်ဆောင်ချက်သည် ပါကစ္စတန်၏ GSP + အဆင့်အတန်းအရ ရရှိထားသော မူလစည်းမျဉ်း များကို လိမ်လည်ဖောက်ဖျက်နေခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂစီးပွားရေးသမားများက တရုတ်ချေးငွေအပေါ် ပါကစ္စတန်၏ ပိုမို မှီခိုမှုအတွက် စိုးရိမ် ပူပန်ကြောင်းကို Geo Politica ၏ အစီရင်ခံစာတွင် မကြာသေးမီက ဖော်ပြခဲ့သည်။

GSP+ ပြန်လည်သုံးသပ်ခြင်းနှင့် စပ်လျဉ်း၍ ပါကစ္စတန်သို့ ဥရောပသမဂ္ဂစောင့်ကြည့်ရေးမစ်ရှင်၏ ခရီးစဉ် အတွင်း ယင်းစိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် GSP သည် ၁၉၇၁ခုနှစ်မှစတင်၍ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကိရိယာတစ်ခုဖြစ်ပြီး ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၃၁ရက်တွင် ပါကစ္စတန်က သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

GSP+ အခွင့်အရေးကို အဓိကရရှိထားသည့် ပါကစ္စတန်သည် ထုတ်ကုန်အများအပြားအတွက် အခွန် ကင်းလွတ်ခွင့်မှ အကျိုးခံစားခွင့်ရနေသည်။ အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂသည် လာမည့်လ များတွင် ၂၀၂၄ခုနှစ် GSP+ အဆင့်အတန်းကို သက်တမ်းတိုးရန်အတွက် အရေးကြီးသည်ဟု သတ်မှတ်ထားသည်။

ဥရောပသမဂ္ဂ၏ အကောက်ခွန်ဆိုင်ရာအခွင့်အရေးပေးမှုစနစ် (GSP+) ၏ လုပ်ငန်းစဉ်တစ်ခု သည် ပါကစ္စတန် အတွက် သတ်မှတ်ထားသောနိုင်ငံတကာ သဘောတူညီချက် ၂၇ ခုကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်မှု ကို အကဲဖြတ်ရန် အစ္စလာမာဘတ်မြို့သို့ ဇွန်၂၂ ရက် တွင် ရောက်ရှိခဲ့သည်။

ပါကစ္စတန်၏ အထည်အလိပ်ကဏ္ဍသည် အခြားသော ပို့ကုန်လုပ်ငန်းရှင်များနှင့် နှိုင်းယှဉ်ပါက ဈေးကွက် ပြိုင်ဆိုင်မှုတွင် အခွင့်အလမ်းသာမှုများရှိနေခြင်းမှာ ပါကစ္စတန်သည် ကမ္ဘာ့ထိပ်တန်း ဝါဂွမ်းထုတ်လုပ်သူများထဲမှ တစ်နိုင်ငံဖြစ်ပြီး အထွက် နှုန်းအရ ထိပ်တန်း ၅နိုင်ငံတွင် ပါဝင်ပြီး ယင်းပို့ကုန်၏ ၄၀ ရာခိုင်နှုန်းမှာ ချည်ထည်ထုတ်ကုန်များဖြစ်သည်။

သို့သော်လည်း ပါကစ္စတန်၏ အထည်အလိပ်ကဏ္ဍတွင် တရုတ်က ကျေကျေနပ်နပ်ကြီး လုပ်ကိုင်နေခြင်းက ပါကစ္စတန်အစိုးရ၏ ယင်းဆွဲမက်ဖွယ်ကဏ္ဍကို တရုတ်က အခွင့်ကောင်းယူနိုင်ခြင်းကြောင့်ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly