တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံနှင့် ဆက်စပ်သည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများက တရုတ်အတွက် စိုးရိမ်စရာဖြစ်လာ

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံနှင့် ဆက်စပ်သည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများက တရုတ်အတွက် စိုးရိမ်စရာဖြစ်လာ

တရုတ်သည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ကို စတင်လုပ်ဆောင်ပြီး ၁၀ စုနှစ် တစ်ခုနီးပါးအကြာ၌ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းအတွက် အဓိကကျသော လုံခြုံရေးပြဿနာသည် စီမံကိန်းစတင်သည့် ၂၀၁၅ ခုနှစ်မှစ၍ ယနေ့အချိန်အထိ ဆက်ရှိဆဲနေသည်။

တရုတ်သည် CPEC နှင့် ဆက်နွှယ်သည့် စီမံကိန်းများအတွက် ပါကစ္စတန်တွင် နေထိုင်ပြီး အလုပ်လုပ်နေသော ၎င်းနိုင်ငံသားများ ဘေးကင်းလုံခြုံစေရန် ပါကစ္စတန်ကို နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးခဲ့သည်။

မကြာသေးမီက ပါကစ္စတန်နိုင်ငံ၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များတွင် တရုတ်နိုင်ငံသားအများအပြား သေဆုံးခဲ့သည်။

ယင်းဖြစ်ရပ်များဖြစ်ပွားပြီးနောက် ဇွန်လအစောပိုင်းတွင် တရုတ်နိုင်ငံလုံခြုံရေးဝန်ကြီးဌာနသည် ၎င်းနိုင်ငံသားများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် နိုင်ငံအတွင်း၌ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ (PSC) တည်ထောင်ခွင့်ပြုရန် ပါကစ္စတန်အစိုးရအား တောင်းဆိုခဲ့သည်။

ရှာဘက်ဇ်ရှာရစ်အစိုးရသည် ပါကစ္စတန်မြေပေါ်တွင် PSC လုပ်ငန်းများ လည်ပတ်ရန် တရုတ်၏ တောင်းဆိုမှုကို ပယ်ချခဲ့ကြောင်း Nikkei Asia က ပြီးခဲ့သည့်လတွင် ဖော်ပြခဲ့သော်လည်း တရုတ်နိုင်ငံက ယင်းအစီအစဉ်အတွက် သဘောတူညီချက်ရရှိရန် ဆက်လက် တွန်းအားပေးသွားဖွယ်ရှိသည်။

ယမန်နှစ်က ဒါစုမြို့ရှိ ဘတ်စ်ကားတစ်စီးတိုက်ခိုက်ခံရမှုတွင် တရုတ်နိုင်ငံသား ၁၀ ဦး သေဆုံးမှုနှင့် ယခုနှစ်တွင် ကရာချိရှိ ကွန်ဖြူးရှပ်အင်စတီကျုရှေ့၌ တရုတ်ဆရာများ တိုက်ခိုက်ခံရမှုတို့သည် ပါကစ္စတန်တွင် တရုတ်လုံခြုံရေးကုမ္ပဏီများဖွင့်ခွင့်ပြုရန် တောင်းဆိုမှုကို ဖြစ်စေခဲ့ကြောင်း ပါကစ္စတန်ရှိ
ပုဂ္ဂလိက လုံခြုံရေးအတိုင်ပင်ခံကုမ္ပဏီမှ တရုတ်အရာရှိတစ်ဦးကပြောကြောင်း Nikkei Asia ကဖော်ပြခဲ့သည်။

တရုတ်နိုင်ငံတွင် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီပေါင်း ၆၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် ကုမ္ပဏီပေါင်း ၂၀ သည် နိုင်ငံတကာတွင် လုပ်ကိုင်နေကြသည်ဟု ဂျာမန်သုတေသီ တရုတ်လေ့လာမှုဆိုင်ရာ ဂျာမန်သုတေသီအဖွဲ့ Mercator Institute က ဆိုသည်။

ပါကစ္စတန်ရှိ တရုတ်အကျိုးစီးပွားများကိုကာကွယ်ရန် တရုတ်လုံခြုံရေးကုမ္ပဏီများကို ခွင့်ပြုလိုက်ပါက တရုတ်အပေါ် မကျေနပ်မှုများ တိုးလာမည်မှာ သံသယဖြစ်ဖွယ်မရှိဟု HK Post က ဖော်ပြသည်။

ပါကစ္စတန်တွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ တိုးပွားလာနေပြီး မြေယာသိမ်းပိုက်မှုနှင့် ဒေသခံများကို လျစ်လျူရှုကာ တရုတ်နိုင်ငံသားများကို အလုပ်ခန့်အပ်မှုတို့က ပြဿနာအသစ်များကို ဖန်တီးရာရောက်သည်။

ပါကစ္စတန်သည် ၎င်း၏မြေပေါ်တွင် တရုတ်လုံခြုံရေးကုမ္ပဏီများ တည်ထောင်ရန် တောင်းဆိုမှုကို ယခုအချိန် တွင်ကောင်းစွာရှောင်ရှားနိုင်နေသော်လည်း အခြေအနေများက ပါကစ္စတန်ရပ်တည်ချက်ကို ပြောင်းလဲရန် တွန်းအား ဖြစ်စေလာနိုင်သည်ဟု The HK Post ၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required