ဒီပဲယင်းမြို့နယ် ပျံကျ ကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၂၀ခန့် ကို စစ်ကောင်စီတပ် မီးရှို့ ဖျက်ဆီး

ဒီပဲယင်းမြို့နယ် ပျံကျ ကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၂၀ခန့် ကို စစ်ကောင်စီတပ် မီးရှို့ ဖျက်ဆီး

လွှမ်းမိုး ၊ စစ်ကိုင်း

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ နယ် ပျံကျကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၂၀ ခန့်ကို စစ်ကောင်စီ တပ်က ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်း ၈ နာရီခန့်တွင် စတင်မီးရှို့ခဲ့ကြောင်း သိရသည်။

" ကျမတို့ ရွာဘက်ကို လာတဲ့ စစ်ကြောင်းကတော့ လေကြောင်းကနေ ရဟတ်ယာဥ် နဲ့ သုံးခေါက် ခုလာပို့သွားတဲ့ စစ်သားတွေ ဖြစ်တယ် ၊ ရွာကို မဝင်ခင်ကတည်းက ညကြီး အချိန်မတော် မြွေမကြောက် ၊ ကင်း မကြောက် ပြေးရပါတယ် ၊ ရွာကိုတော့ ဒီနေ့ နံနက်ပိုင်းမှာ မီးရှို့သွားတယ် ၊ အိမ်ခြေ ကတော့ ၂၀လောက်ပါသွားတယ် " ဟု ပျံကျ ကျေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုများကြောင့် ပျံကျ ၊ ကြခတ် ၊ ကျွန်းရင်း ၊တတ်ခေါင်း ၊ မင်းဆွေ နှစ် ၊ ကုလားကုန်း နှင့် ဂေါင်းစု ကျေးရွာ များမှ လူဦးရေ ၄,၀၀၀ ခန့် စစ်ဘေးရှောင် နေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required