စွပ်စွဲထားသည့် ရွေးကောက်ပွဲကော်မရှင်ကို မလျော်ဩဇာသုံးမှု လုံးဝကျူးလွန်ခဲ့ခြင်းမရှိကြောင်း သမ္မတဦးဝင်းမြင့် ထွက်ဆို

စွပ်စွဲထားသည့် ရွေးကောက်ပွဲကော်မရှင်ကို မလျော်ဩဇာသုံးမှု လုံးဝကျူးလွန်ခဲ့ခြင်းမရှိကြောင်း သမ္မတဦးဝင်းမြင့် ထွက်ဆို

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မလျော်ဩဇာလွှမ်းမိုးကြောင်းစွပ်စွဲထားသည့်အမှုနှင့်ပတ်သက် ပြီး လုံးဝကျူးလွန်ခဲ့ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ယနေ့ ဇူလိုင်လ ၈ ရက်နေ့ ရုံးချိန်း တွင် ထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

“အဲဒီလို သူတို့ပြောတဲ့ နည်း ၁၀ နဲ့ပတ်သက်လို့ ဘာမှဆောင်ရွက်တာမရှိဘူးဆိုတာပြောတယ်။ နောက်ပြီး သူ ညွှန်ကြားခဲ့တာမရှိဘူးဆိုတဲ့အကြောင်းကို ပြောတယ်”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ အမှုမှာစစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ညွှန်မှူး ဦးအောင်မျိုးလွင်က တရား လိုပြုလုပ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသူတို့ကို ပုဒ်မ ၁၃၀-က ဖြင့် စွဲဆို ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မလျော်ဩဇာလွှမ်းမိုးသည်ဟုဆိုကာ စွပ်စွဲထားခြင်းဖြစ်ပြီး ဇွန်လ ၃ ရက်နေ့ ရုံးချိန်းတွင် အမှုကို စွဲချက် တင်ကြောင်း အထူးတရားရုံးက အမိန့်ချမှတ်ခဲ့သည်။

အမှုနှင့်ပတ်သက်ပြီး နောက်တစ်ပတ်ရုံးချိန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးထားသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက နေပြည်တော်အတွင်းရှိ နေရာတစ်ခု တွင်ထိန်းသိမ်းထားပြီး ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ခဲ့သည်။

သမ္မတဦးဝင်းမြင့်မှာ လက်ရှိတွင် နေပြည်တော်အချုပ်ထောင်အတွင်း ပြုလုပ်သည့် ရုံးချိန်းသို့ စစ်ကောင်စီ ထိန်းသိမ်းထားသည့် ပြင်ပမှနေရာတစ်ခုမှ လာရောက်လျက်ရှိပြီး စစ်ကောင်စီက သမ္မတကိုလည်း အချုပ်ထောင်သို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

“အဆောက်အဦးကတော့ ဆောက်လို့ပြီးသွားပြီ။ အဲဒီမှာထားမယ့် တချို့ဝန်ထမ်း တွေတောင် ရောက်နေ ပြီလို့ပြောတယ်။ ထောင်ဝန်ထမ်းပေါ့။ တစ်ပွင့်တို့ နှစ်ပွင့်တို့ အဲ့ဒီလိုပုဂ္ဂိုလ်တွေတောင် ရောက်နေပြီပြော တယ်”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

သမ္မတဦးဝင်းမြင့်ကို နေပြည်တော်အချုပ်ထောင်သို့ပြောင်းရွှေ့ရန် စီစဉ်နေကြောင်းသိရပြီး မည်သည့် အချိန်တွင်ပြောင်းရွှေ့မည်ကိုအတိအကျမသိရကြောင်း တရားရုံးနှင့်နီးစပ်သူများကပြောသော်လည်း စစ်ကောင်စီဘက်ကမူ ယင်းကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးပေ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်ပို့သည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဉပဒေအထက်တွင်မည်သူမျှမရှိဟု ပြီးခဲ့သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်မှာ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ်၊ သဘာဝဘေးပုဒ်မ - ၂၅ အတွက် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံထားရပြီး ပြစ်ဒဏ် နှစ်နှစ်ကို လျော့ပေါ့ပေးကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ၎င်းအနေဖြင့် ရဟတ်ယာဉ်ကိစ္စနှင့် ပတ်သက်ပြီး စွဲဆိုခံထားရသည့် အမှု ငါးမှု၊ လက်ရှိ ပုဒ်မ ၁၃၀-က ဖြင့်စွပ်စွဲထားသည့်အမှုတို့ဖြင့် ဆက်လက်တရားရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required