ဆဲဗင်းဂျူလိုင် နှစ်၆၀ပြည့်အထိမ်းအမှတ် “ဆီသို့” စာစဉ်အထူးထုတ်ဝေ

ဆဲဗင်းဂျူလိုင် နှစ်၆၀ပြည့်အထိမ်းအမှတ် “ဆီသို့” စာစဉ်အထူးထုတ်ဝေ

ဇူလိုင် ၇

ဆဲဗင်းဂျူလိုင် နှစ် ( ၆၀ ) ပြည့်အထိမ်းအမှတ်အနေဖြင့် ကျောင်းသားသမဂ္ဂများက “ဆီသို့” စာစဉ်ကို ဇူလိုင်လ ၇ရက်နေ့တွင် အထူးထုတ်ဝေထားသည်။

အထူးထုတ်စာစဉ်၌ ဆဲဗင်းဂျူလိုင်တွင် ကိုယ်တွေ့ကြုံခဲ့ရသည့် မှတ်တမ်းဖြစ်ရပ်များ၊ သမိုင်းဝင်ဖြစ်ရပ်များအကြောင်း ရေးသားထားသော ဆောင်းပါးများ၊ နွေဦးတော်လှန်ရေးနှင့် ဆဲဗင်းဂျူလိုင် ချိတ်ဆက်သုံးသပ်ချက်များ ၊ ၁၉၆၂၊၁၉၇၄-၇၅၊၁၉၈၈၊၂၀၀၇၊၂၀၁၅နှင့် လက်ရှိ ၂၀၂၂ ကျောင်းသားသမဂ္ဂ မျိုးဆက် အသီးသီးတို့၏ ဆဲဗင်းဂျူလိုင် အမှတ်တရပြောကြားချက်များ၊ကဗျာများ၊ဆဲဗင်းဂျူလိုင် သမိုင်းမှတ်တမ်းနှင့် ဓါတ်ပုံကဏ္ဍများ ပါဝင်သည်။

“ဆီသို့”စာစဉ်မှ တာဝန်ရှိသူတစ်ဦးက “ဆီသို့စာစဉ်က တော်လှန်ရေးနဲ့ပတ်သက်တဲ့ နေ့ထူးနေ့မြတ်တွေဆိုရင် အထူးထုတ်နေနဲ့ ထုတ်ဝေလေ့ရှိပါတယ်။ဒါကတော့ ကျောင်းသား ရာကျော်ကျဆုံးခြင်းနဲ့ သမဂ္ဂအဆောက်အုံကို ဖြိုခွဲခြင်းခံရတဲ့ ဆဲဗင်ဂျူလိုင် နှစ်၆၀ပြည့် အထူးထုတ် ထုတ်ဝေတာဖြစ်ပါတယ်” ဟု မဇ္ဈိမသို့ပြောသည်။

ဆဲဗင်းဂျူလိုင်အရေးအခင်းသည် မြန်မာ့နိုင်ငံရေး အခင်းအကျင်းများတွင် ကျောင်းသားရာကျော်ကို စစ်ကောင်စီက ရက်ရက်စက်စက်ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဖြိုချဖျက်ဆီးခဲ့သည့် သမိုင်းဝင်အရေးခင်းတစ်ခု ဖြစ်သည်။

တကသ ကျောင်းသားဟောင်းများအင်အားစုနှင့် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ - ရန်ကုန်)တို့ ပူပေါင်းပြီး ထုတ် ဝေခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ထုတ်ဝေလာသည်မှာ တစ်နှစ်ကျော်ကာလသို့ ရောက်ရှိလာပြီ ဖြစ်သည်။

ဆီသို့စာစဉ်သည် တော်လှန်ရေးနှင့်ပတ်သက်သော သတင်းအချက်အလက်များ ၊အတွေးအမြင်ဆောင်းပါးများကို အွန်လိုင်းမှတဆင့် ထုတ်ဝေ လျက်ရှိနေသော စာစောင်တစ်ခုဖြစ်သည်။

#Mizzima

#ဆီသို့စာစဉ်

#ကျောင်းသားသမဂ္ဂ

#ဆဲဗင်းဂျူလိုင်

#နွေဦးတော်လှန်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly