တရုတ်၏အာကာသအစီအစဉ်သည် စစ်ရေးကိစ္စဖြစ်ကြောင်း နာဆာ၏မှတ်ချက်အပေါ် တရုတ်စိတ်ဆိုးဒေါသထွက်

တရုတ်၏အာကာသအစီအစဉ်သည် စစ်ရေးကိစ္စဖြစ်ကြောင်း နာဆာ၏မှတ်ချက်အပေါ် တရုတ်စိတ်ဆိုးဒေါသထွက်

အမေရိကန်အာကာသအေဂျင်စီမှ အကြီးအကဲဖြစ်သူ ဘီလ်နယ်လ်ဆင်က တရုတ်၏ အာကာသအစီအစဉ်သည် စစ်ရေးကိစ္စတစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုသည့်အပေါ် တရုတ်က ဇူလိုင် ၄ ရက်တွင် ကန့်ကွက်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက နာဆာသည် အဖြစ်မှန်များကို လျစ်လျူရှုပြီး တရုတ်နိုင်ငံကို သိက္ခာချခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမေရိကန်အရာရှိအချို့သည် အခြားနိုင်ငံများ၏ ပုံမှန်နှင့်ကျိုးကြောင်းဆီလျော်သော အာကာသအရေးကို စဉ်ဆက်မပြတ် အမှုဆင်ပြီး အသရေပျက်အောင်ပြောဆိုကြောင်းနှင့် တရုတ်နိုင်ငံက ထိုသို့သော တာဝန်မဲ့သည့် မှတ်ချက်ကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ကျောင်လီကျန်းက ဆိုသည်။

တရုတ်နိုင်ငံသည် အာကာသကို ငြိမ်းချမ်းစွာအသုံးပြုရေးကို ထောက်ခံအားပေးပြီး အာကာသအတွင်း လက်နက်ပြိုင်ဆိုင်မှုကို ဆန့်ကျင်ကာ မျှတသည့်အနာဂတ်ရှိသော အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် လိုလား ကြောင်း ကျောင်က ပြောကြားခဲ့သည်။

တရုတ်သည် စစ်ဘက်ဆိုင်ရာ အာကာသအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လမျက်နှာပြင်ကို နေရာဦးရန် ချိန်ဆနေနိုင်သည်ဟု ဘီလ်နယ်လ်ဆင်က Bild သတင်းစာအား ပြောကြားခဲ့သည်။

အမေရိကန်သည် ယခုတစ်ကြိမ်တွင် တရုတ်နိုင်ငံနှင့်အတူ အာကာသပြိုင်ပွဲအသစ်တွင် ပါဝင်ပတ်သက်နေပြီဖြစ်ကြောင်း နယ်လ်ဆင်က ပြောကြားခဲ့သည်။ တရုတ်သည် ၂၀၃၅ ခုနှစ်တွင် ကိုယ်ပိုင် လကမ္ဘာစခန်းဆောက်လုပ်မှုကို အပြီးသတ်နိုင်ပြီး တစ်နှစ်အကြာတွင် စမ်းသပ်မှုများ စတင်နိုင်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

လမျက်နှာပြင်အပေါ် တရုတ်ဆင်းသက်ခြင်းကို အလွန်အမင်းစိုးရိမ်ကြောင်းနှင့် ယခုအခါ လကို ကွန်မြူနစ်များက ပိုင်ဆိုင်နေကာ တခြားသူများက ဘေးဖယ်နေရသည်ဟု နယ်လ်ဆင်က RT သတင်းဌာသို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required