တရုတ်တစ်နိုင်ငံမူဝါဒသည် အလိမ်အညာဖြစ်ကြောင်း ကျွမ်းကျင်သူ ပြောကြား

တရုတ်တစ်နိုင်ငံမူဝါဒသည် အလိမ်အညာဖြစ်ကြောင်း ကျွမ်းကျင်သူ ပြောကြား

ထိုင်ဝမ်ကို ထည့်သွင်းထားသည့် အစိုးရတစ်ခုတည်း တည်ရှိမှုကို အသိအမှတ်ပြုသည့် တရုတ်တစ်နိုင်ငံ မူဝါဒသည် လိမ်ညာမှုတစ်ခုဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်လုပ်ငန်းအဖွဲ့အစည်းများအင်စတီကျူ (AEI) မှ အကြီးတန်းသုတေသီ မိုက်ကယ်ရူဘင်က ထိုင်ဝမ် သည် တရုတ်၏ အစိတ်အပိုင်းမည်သည့်အခါမျှ မဖြစ်ခဲ့ကြောင်း၊ သမိုင်းဝင်မှုနှင့် တရားရေးဆိုင်ရာ နယ်ပယ်အားလုံးတွင် တရုတ်တစ်နိုင်ငံ မူဝါဒသည် မမှန်ကန်ကြောင်း ပြောကြားခဲ့သည်။

တရုတ်တစ်နိုင်ငံ မူဝါဒဆိုသည်မှာ တစ်နေ့တွင် ကွဲကွာနေသော ပြည်နယ်အဖြစ်မှ ထိုင်ဝမ်က တရုတ်နှင့် ပြန်လည်ပေါင်းစည်းပါက အစိုးရတစ်ရပ်တည်း တည်ရှိမှုကို အမေရိကန်က အသိအမှတ်ပြုထားသည့် ကာလ ရှည်ကြာကတည်းက ရှိခဲ့သည့် မူဝါဒတစ်ရပ်ဖြစ်သည်။

ယင်း ၁၉၄၉ခုနှစ်မူဝါဒအရ တရုတ်-အမေရိကန်သံတမန်ရေးမူဘောင်ကို ဖွဲ့စည်းခဲ့ပြီး ယင်းအရ ထိုင်ဝမ်နှင့် သီးခြားမဟုတ်ဘဲ တရုတ်နှင့်သာ တရားဝင်ဆက်ဆံရေးထားရှိခဲ့သည်။

ကုလသမဂ္ဂက တရုတ်၏ 'တရုတ်တစ်နိုင်ငံ' ဟူသော အယူအဆကို အသိအမှတ်ပြုကြောင်း အခြား တရုတ် အရာရှိများက အခိုင်အမာဆိုသည်။

ကွယ်လွန်သွားပြီဖြစ်သည့် ကိုဖီအာနန်က 'တရုတ်တစ်နိုင်ငံ' မူဝါဒကို ထောက်ခံသော်လည်း ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းက ၎င်းအား ထိုသို့လုပ်ဆောင်ပိုင်ခွင့် မပေးထားပေ။

ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းတစ်ခုမဟုတ်ခဲ့ဘဲ သမိုင်းဝင်မှုနှင့် တရားဥပဒေဆိုင် ရာနယ်ပယ်အားလုံးတွင် 'တရုတ်တစ်နိုင်ငံ' မူဝါဒသည် မမှန်မကန်ကြောင်း ရူဘင်က ပြောကြားသည်။

၁၈၉၄ ခုနှစ်တွင် ချင်မင်းဆက်ထံမှ ဂျပန်က ထိုင်ဝမ်ကျွန်းကို သိမ်းယူကတည်းက ထိုင်ဝမ်ကို တရုတ်တို့က အုပ်ချုပ်ခဲ့ခြင်း မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly