ရုရှား-ယူကရိန်း ပဋိပက္ခသည် ဥရောပအလယ်ပိုင်းနှင့် အရှေ့ဥရောပနိုင်ငံများရှိ တရုတ်၏ စီမံကိန်း များအပေါ် သက်ရောက်နေ

ရုရှား-ယူကရိန်း ပဋိပက္ခသည် ဥရောပအလယ်ပိုင်းနှင့် အရှေ့ဥရောပနိုင်ငံများရှိ တရုတ်၏ စီမံကိန်း များအပေါ် သက်ရောက်နေ

အလယ်ပိုင်းနှင့် အရှေ့ဥရောပ (CEE) နိုင်ငံအများစုသည် တရုတ်အပါအဝင် နိုင်ငံခြား အင်အားကြီးနိုင်ငံများကို သတိထားလာကြသောကြောင့် တရုတ်၏ '၁၇+၁ အခွင့်အလမ်းသစ်' သည် ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွား ပြီးနောက် ပြင်းထန်စွာ အကျိုးသက်ရောက်ခဲ့သည်။

တရုတ်၊ အလယ်ပိုင်းနှင့် အရှေ့ဥရောပ (CEE) နိုင်ငံများအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေး မြှင့် တင်ရန် တရုတ်၏ '၁၇+၁ အခွင့်အလမ်းသစ်'ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။

CEE အစိုးရများ၏ စိတ်မသက်မသာဖြစ်မှုကို နားလည်သဘောပေါက်ပြီးနောက် ရုရှား-ယူကရိန်း ပဋိပက္ခနှင့် ပတ်သက်၍ နားလည်မှုလွဲမှားမှုများကို ဖယ်ရှားရန်နှင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းများကို ယင်းတို့၏ စိတ်ဝင် စားမှုကို ပြန်လည်ရရှိရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် တရုတ်ကိုယ်စားလှယ်အဖွဲ့နှစ်ဖွဲ့ကို နိုင်ငံ ၁၀ နိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း ရုရှားနိုင်ငံတကာရေးရာကောင်စီပညာရှင်အဖွဲ့တွင် ဗယ်လ်အီရီယို ဘတ်ဘရီက ရေးသား ခဲ့သည်။

သို့သော် CEE နိုင်ငံအများအပြားသည် အဆိုပါ ကိုယ်စားလှယ်အဖွဲ့များကို  အလေးထားမှု မရှိခဲ့ဘဲ တရုတ်ကိုယ်စားလှယ်များနှင့် ဆွေးနွေးရန် အဆင့်နိမ့်အရာရှိများကိုသာ စေလွှတ်ခဲ့သည်။

စိတ်ပျက်စရာအကောင်းဆုံးတုံ့ပြန်မှုမှာ တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ပိုလန်နိုင်ငံခြားရေးဌာနမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံခွင့်မရခဲ့ခြင်း ဖြစ်သည်။

တရုတ်က ဥရောပသို့ ထိုးဖောက်နိုင်ရေးအတွက် '၁၇+၁ အခွင့်အလမ်းသစ်' ကို ဖွဲ့စည်းခဲ့သော်လည်း တရုတ်က ရင်းနှီးမြှုပ်နှံမှုကတိများကို အမှန်တကယ် အကောင်အထည်မဖော်နိုင်ခြင်းကြောင်း ယင်းအဖွဲ့၏ တိုးတက်မှုကို အဟန့်အတား ဖြစ်စေခဲ့သည်။

၂၀၂၂ခုနှစ်သည် '၁၇+၁ အခွင့်အလမ်းသစ်' တည်ထောင်သည့် ၁၀နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သော်လည်း CEE နိုင်ငံအများစုက ဂုဏ်ပြုရန် စိတ်အားထက်သန်မှု မပြကြပေ။

ထို့ပြင် နှစ်စဉ် ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပရန် ဆန္ဒရှိသည့် CEE နိုင်ငံတစ်ခုခုကိုပင် တရုတ်က ရှာမတွေ့နိုင်ခဲ့ပေ။

CEE နိုင်ငံများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုသည် ဟန်ဂေရီ၊ ချက်သမ္မတနိုင်ငံနှင့် ပိုလန်ကဲ့သို့သော နိုင်ငံအနည်းငယ်တွင်သာ ရှိနေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly