စစ်ကောင်စီက ပြည်ပရောက်မြန်မာများအား နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း ပိတ်ပင်သည်ဆိုသည့် သတင်းအမှား

စစ်ကောင်စီက ပြည်ပရောက်မြန်မာများအား နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း ပိတ်ပင်သည်ဆိုသည့် သတင်းအမှား

ဇူလိုင် ၇ ရက်

အာဏာသိမ်းစစ်ကောင်စီမှ ပြည်ပရောက်မြန်မာများအား နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးခြင်းကို ပိတ်ပင်သည်ဆိုသည့်သတင်းတစ်ခု ပြီးခဲ့သော ဇွန်လနောက်ဆုံးအပတ်တွင် လူမှုကွန်ရက်ပေါ်၌ များစွာ ပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ သတင်းမှားတစ်ခုသာ ဖြစ်သည်။

လူသိများသော ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်တစ်ဦးဖြစ်သည့် သွန်းနေစိုးအကောင့်မှ “ စစ်ကောင်စီမှ ပြည်ပ ရောက်မြန်မာများအား Passport သက်တမ်းတိုးပေးခြင်းကို ပိတ်ပင်” ဆိုသည့် (မူရင်းအရေးအသား အတိုင်း) ခေါင်းစဉ်ဖြင့် ဇွန်လ ၂၉ ရက် ညနေ ၆ နာရီနှင့် ၃၂ မိနစ်တွင် စတင်ဖြန့်ဝေခဲ့သည်။

“ ပြည်သူများအား မျိုးစုံဖိနှိပ်နေသော စစ်ကောင်စီသည် ပြည်ပရောက်မြန်မာများအား နိုင်ငံကူးလက်မှတ် ပတ်စပို့သက်တမ်းတိုးပေးခြင်းအား ပိတ်ပင်တော့မည်ဖြစ်ကြောင်း၊ ခြွင်းချက်အနေဖြင့် PD ဟုခေါ်သော Diplomatic Passport နှင့် PO ဟုခေါ်သော Official Passport နှစ်မျိုးမှအပ ကျန်နိုင်ငံကူးလက်မှတ်များ အားလုံး သက်တမ်းတိုးလိုလျှင် မြန်မာနိုင်ငံအတွင်း ပြန်တိုးရန် လိုအပ်တော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ပရောက်မြန်မာများစွာ ဒုက္ခအခက်အခဲများနှင့် ကြုံတွေ့ကြရတော့မည်ဖြစ်ကြောင်း” စသည်ဖြင့် (မူရင်းအရေးအသားအတိုင်း) ရေးသားချက်များပါဝင်သည်။ ၎င်းပို့စ်အား ကြိုက်နှစ်သက်သူ ၂,၁၀၀ နှင့် ပြန်လည်မျှဝေသူ ၁,၃၀၀ ထိရှိခဲ့သည်။

အဆိုပါသတင်းအား ဖေ့စ်ဘုတ်စာမျက်နှာ၊ ဂရုနှင့် အကောင့်များမှ ပြန်လည်ကူးယူဖော်ပြခဲ့ကြပြီး လူသိ များခဲ့သည့် သတင်းလည်းဖြစ်သည်။

Passport Service အမည်ရှိဖေ့စ်ဘုတ်ဂရုတွင် အဆိုပါ သတင်းကိုပြန်လည်ကူးယူဖော်ပြထားပြီး ၎င်းပို့စ် အား ကြိုက်နှစ်သက်သူ ၁၃,၀၀၀ နှင့် ပြန်လည်မျှဝေသူ ၁၁,၀၀၀၊ မှတ်ချက်ပေးသူ ၁,၀၀၀ ကျော်ရှိခဲ့သည်။

ယင်းသတင်းနှင့်ပတ်သက်၍ မဇ္ဈိမ၏ အချက်အလက် စစ်ဆေးသူများမှ ရှာဖွေအတည်ပြုထားသည်။

စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနဖေ့စ်ဘုတ်စာမျက်နှာမှ ဇူလိုင်လ ၆ ရက်နေ့တွင် အသိပေး ကြေညာချက် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးသွားပါက သက်တမ်းတိုးလျှောက်ထားခြင်းလုပ်ငန်း ကို မြန်မာနိုင်ငံ၌ ပြန်လည်လျှောက်ထားရမည်မှာ သတင်းမှားများသာဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ် ဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာနိုင်ငံများတွင် “ပုံမှန်အတိုင်း” လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

ဝင်ရောက်ဖတ်ရှုရန်လင့် https://www.facebook.com/mofamyanmar/posts/pfbid0XbkQqYcWCzaHcARVaYVMxz8EEiEp1TNmjfnRfbTxydufM8Bba91YXuB9KBrjcgbWl

ထို့အပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်တည်ရှိသည့် မြန်မာနိုင်ငံသံရုံး၏ ဖေ့စ်ဘုတ်စာမျက်နှာမှလည်း “ဗန်ကောက်မြို့ရှိ  မြန်မာသံရုံးအနေဖြင့် ထိုင်းနိုင်ငံ၌ ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား များ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလုပ်ငန်းများကို သံရုံး၌ ပုံမှန်အတိုင်းလက်ခံဆောင်ရွက်ပေး လျက်ရှိကြောင်း ရှင်းလင်းစွာသိမြင်နိုင်စေရန် ဖော်ပြအပ်ပါသည်” ဟုဆိုသည့် အချက်အပါအဝင် အချက် သုံးချက်အား ထုတ်ပြန်ထားသည်။

ယခုလင့် https://www.facebook.com/permalink.php?story_fbid=pfbid0sZ3kyyu8JEpoiq7n6vayS2x77wntE5VUjmfeWjxaD388oKSg9UrbSe1rpVWtLduQl&id=100627225082545  တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

အလားတူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်တည်ရှိသည့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ ဖေ့စ်ဘုတ်စာမျက်နှာ တွင်လည်း ယခုပျံ့နှံ့နေသောသတင်းများသည် သတင်းအမှားဖြစ်သည့်အကြောင်း ထုတ်ပြန်ထားသည်။ ယခုလင့် https://www.facebook.com/chiangmai.mcg/posts/pfbid02a5MnKbYsjyuxZQAVqVAM7FxHzJRM4xAzjReQdg4QydDtksyQM2c3KBAxE9ZhJdRXl  တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မြန်မာသံရုံးမှလည်း နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ အသစ်ထုတ် ပေးခြင်းလုပ်ငန်းများအပါအဝင် ကောင်စစ်ဆိုင်ရာကိစ္စရပ်များအား သံရုံးတွင်ပုံမှန်အတိုင်း လက်ခံဆောင် ရွက်ပေးလျက်ရှိပါကြောင်း ထုတ်ပြန်ထားသည်။

ဖတ်ရှုရန်လင့် https://www.facebook.com/permalink.php?story_fbid=pfbid02kxA4qSYDqwtSmxP6mH8bUdS2eMxzSLwiryRHSicn5n61WA8pHpJpgfSSJPrfBNFAl&id=100064876953433

မြန်မာနိုင်ငံအတွင်း ပတ်စ်ပို့စ်လျှောက်ထားသူများအား ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့ရာ “ မဟုတ်ပါဘူး။ ပြည်ပမှာလည်း သက်တမ်းတိုးလို့ရပါတယ်။ အဓိက သံရုံးရှိရင် သက်တမ်းတိုးလို့ရတယ်” ဟု ပြောသည်။

ထို့ကြောင့် စစ်ကောင်စီက ပြည်ပရောက်မြန်မာများအား နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးခြင်းကို ပိတ်ပင်သည်ဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required