ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ပါကစ္စတန်၏ စွမ်းအင် အကျပ်အတည်း ပိုမိုဆိုးဝါးလာဖွယ် ရှိ

By Zee5
05 July 2022
ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ပါကစ္စတန်၏ စွမ်းအင် အကျပ်အတည်း ပိုမိုဆိုးဝါးလာဖွယ် ရှိ

ကိုဗစ်-၁၉နှင့် ဆက်နွယ်သည့် ကုန်ပစ္စည်းထောက်ပံ့ဖြည့်ဆည်းမှုဆိုင်ရာ အလျဉ်ပြတ်တောက်မှုများနှင့် အခြေအနေကို ပိုမိုဆိုးဝါးစေခဲ့သည့် ရုရှား-ယူကရိန်း ပဋိပက္ခ၏ နောက်ဆက်တွဲ သက်ရောက်မှုများ ရှိနေစဉ် မဝေးလှသည့် ရှေ့ကာလ၌ ပါကစ္စတန်၏ စွမ်းအင်အကျပ်အတည်းက ပိုမို ဆိုးဝါးလာရန် ရှိနေသည်။ ငွေပြတ်နေသော ပါကစ္စတန်သည် သဘာဝဓာတ်ငွေ့ရည် (LNG) ကို သက်သာသော နှုန်းထားတစ်ရပ်ဖြင့် ဝယ်ယူတင်သွင်းနိုင်ရန် အပြင်းအထန် ကြိုးပမ်းနေရသည်။

ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် ပါကစ္စတန်၏ လျှပ်စစ် လောင်စာ ကုန်ကျစရိတ်များကို ၁၀၀ ရာခိုင်နှုန်းကျော် မြင့်တက်ထားစေခဲ့သည်။

ပြီးခဲ့သည့်အပတ်ကလည်း နိုင်ငံပိုင် LNG Ltd ကုမ္ပဏီသည် ဇူလိုင်လအတွက် LNG ဓာတ်ငွေ့ရည် ကုန်စည်လေးခု တင်သွင်းရန် တင်ဒါတစ်ခု ခေါ်ယူခဲ့ရာတွင် ရရှိခဲ့သည့် တင်ဒါကမ်းလှမ်းချက်က စရိတ်စကအကြီးဆုံးဖြစ်နေ၍ ယင်းကို ပယ်ချဖျက်သိမ်းခဲ့ရသည်။

“ပါကစ္စတန်ရဲ့ စွမ်းအင် အကျပ်အတည်းက ရှေ့လာမယ့် သီတင်းပတ်အချို့ကျရင် ပိုပြီး ဆိုးဝါးလာဖို့ ရှိနေပါ တယ်။ နိုင်ငံဟာ သဘာဝဓာတ်ငွေ့ရည်ကို ဈေးနှုန်း သက်သာတဲ့ နှုန်းထားတစ်ခုနဲ့ ဝယ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးပမ်း နေရပါတယ်။ လက်ရှိ ရုရှား-ယူကရိန်း စစ်ပွဲရဲ့ သက်ရောက်မှု ဆိုးကျိုးကြောင့် အကြီးအကျယ် ထိခိုက်မှု တွေ ရှိနေခဲ့တဲ့ နိုင်ငံတကာဈေးကွက်တစ်ခုမှာ အဲဒါက အနည်းငယ်သာပဲ ရရှိနိုင်ပါတယ်” ဟု Dawn သတင်းစာ၏ အယ်ဒီတာ့အာဘော်တစ်ပုဒ်တွင် ရေးသားထားသည်။

နိုင်ငံသည် LNG ဓာတ်ငွေ့ရည် တင်သွင်းမှုအတွက် တင်ဒါကမ်းလှမ်းသူတစ်ဦး ရှာဖွေနိုင်ခြင်း မရှိမှုကြောင့် အာဏာပိုင်များအနေဖြင့် လျှပ်စစ် ထုတ်လုပ်မှုအတွက် အခြား ရွေးချယ်စရာ စွမ်းအင်ရင်းမြစ်များကို ပြောင်းလဲ ရှာဖွေနေရပြီး ယင်းက အချိန်တစ်လခန့် ကြာလိမ့်မည် ဖြစ်သလို ရလဒ်များကို စောင့်ဆိုင်းရဦးမည် ဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်က ပါကစ္စတန် ရေနံဆိုင်ရာ ဝန်ကြီး မူဆာဒစ် မာလစ်ခ်က ပြောသည်။

“အခြေအနေကတော့ တင်ဒါ ၃ခုကနေ ၄ခုမှာ တစ်ခုကို နှစ်ကြိမ်စီ တင်ဒါခေါ်တာ လုပ်ခဲ့ပေမယ့် ဘယ်သူကမှ ဒါတွေကို မတုံ့ပြန်ခဲ့ပါဘူး” ဟု မာလစ်က ပြောကြောင်း Dawn သတင်းစာက ကိုးကားဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly