တရုတ်က တိဗက်ပညာရေးစနစ်ကို ဖျက်ဆီးနေ

By Taipei Times
05 July 2022
တရုတ်က တိဗက်ပညာရေးစနစ်ကို ဖျက်ဆီးနေ

တိဗက်တက္ကသိုလ်ဝင်ခွင့်အတွက် တရုတ်ပညာရေးဝန်ကြီးဌာနမှ ဧပြီလက ထုတ်ပြန်သော ကြေညာစာသည် အမှန်တကယ်ပင် စိတ်သောကရောက်စေပြီး ခွဲခြားဆက်ဆံရာရောက်သည်။

ကျောင်းသားများသည် ကျောင်းဝင်ခွင့်အတွက် နိုင်ငံရေးသဘောထားနှင့် အတွေးအခေါ်ပိုင်းရှုထောင့်ကို တင်ပြရမည်ဟု ဖော်ပြထားသည်။

ကျောင်းသားများသည် ဘာသာရေးလှုပ်ရှားမှုများတွင် မပါဝင်သင့်သလို မက်စ်ဝါဒီကို နားလည်ကျွမ်းကျင်သော ကျောင်းသားများကို ဦးစားပေးမည်ဟုလည်း ဆိုထားသည်။

တရုတ်သည် တိဗက်ကို သိမ်းပိုက်ပြီးကတည်းက ဘုန်းတော်ကြီးကျောင်းများ၏ အစဉ်အလာများစွာပါဝင်သည့် တိဗက်ပညာရေးစနစ်ကို ဖျက်သိမ်းမည့် မူဝါဒများကို မိတ်ဆက်ခဲ့ကာ အာဖဂန်နစ္စတန်နှင့် အရှေ့ဥရောပမှ ကျောင်းသားများကိုလည်း တိဗက်သို့ ပြန်လည်ခေါ်ယူခဲ့သည်။

အစောပိုင်းတွင် တရုတ်သည် တိဗက်များအား ဘုန်းတော်ကြီးကျောင်းများသို့ မသွားစေရန် တားဆီးခြင်း အပါအဝင် မူလတန်းပညာရေးကို ပစ်မှတ်ထားခဲ့ပြီး ယနေ့ထိတိုင် ဆက်လက်ကျင့်သုံးခဲ့သည်။

ယခုအခါ တရုတ်၏ပစ်မှတ်သည် အဆင့်မြင့်ပညာရေးဆီသို့ ပြောင်းသွားကာ တိဗက်၏ ကိုယ်ပိုင်လက္ခဏာနှင့် ဘာသာစကားကို ဖျောက်ဖျက်မည့် အဆုံးစွန်သော ရည်ရွယ်ချက်ဖြင့် စစ်မှန်သော တိဗက်ပညာရေးကို အလေးမထားသည့် မူဝါဒအပြောင်းအလဲများအပါအဝင် တက္ကသိုလ်များကို အဆက်မပြတ် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

တရုတ်သည် တိဗက်များကို ပညာပေးလိုသည့် ရည်ရွယ်ချက်ဖြင့်မဟုတ်ဘဲ မော်စီတုံးအတွေးအခေါ်နှင့် နောက်ပိုင်းတွင် သမ္မတရှီကျင့်ဖျင်၏အယူအဆများ ထည့်သွင်းမည့် မတ်စ်ဝါဒီအတွေးအခေါ်များ ရိုက်သွင်းရန် ကျောင်းများကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

တရုတ်သည် တိဗက်နှင့် တခြားသိမ်းပိုက်ခံဒေသများတွင် ဘာသာစကား ၂ မျိုး ပညာရေးမူဝါဒကို အကောင်အထည်ဖော်ခဲ့သည်။

ထိုမူဝါဒများသည် လူနည်းစုဒေသ၏ ဘာသာစကားများကို ကာကွယ်ထိန်းသိမ်းရန် ပြဋ္ဌာန်းထားသည့် တရုတ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ စည်းမျည်းများဖြစ်ကြောင်း ရည်ညွှန်းထားသော်လည်း အဆိုပါဒေသများတွင် တရုတ်ဘာသာစကားနှင့်တရုတ်ဇာတ်ကြောင်းများ နက်နက်နဲနဲ ထိုးဖောက်လာစေရန် မြှင့်တင်ခြင်းဖြစ်သည်။

ထိုမူဝါဒများ စတင်ကျင့်သုံးချိန်မှစ၍ တိဗက်လူမျိုးအများအပြားသည် အယူဝါဒသွပ်သွင်းခြင်းကို အလေးထားသော ပညာရေးစနစ်ကို ဖြတ်သန်းနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly