နွားထိုးကြီးမြို့ ဆောက်လုပ်ရေးရုံးနှင့် မြို့တော်ခန်းမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

နွားထိုးကြီးမြို့ ဆောက်လုပ်ရေးရုံးနှင့် မြို့တော်ခန်းမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ဇူလိုင် ၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့လယ်ရှိ စစ်ကောင်စီတပ်များတပ်စွဲထားသော ဆောက်လုပ်ရေးရုံးနှင့် မြို့တော်ခန်းမကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦးထက်မနည်း သေဆုံးခဲ့သည်ဟု Natogyi–PDF မှ သိရသည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသည့် နေရာနှစ်ခုကို ဇူလိုင်လ ၄ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်က ကိုက် ၃၀၀ အကွာမှနေ၍ လက်နက်ကြီးသုံးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

“စခ(စစ်ကောင်စီတပ်)တွေ တပ်စွဲထားတဲ့နေရာနဲ့ ကိုက် ၃၀၀ ဝန်းကျင်က ပစ်တာပါ။ သုံးလုံးဆော်တာပါ ဗျ။ သူတို့က တစ်နယ်လုံးပတ်နင်းနေတာ။ ဗျူဟာမှူးက တစ်ခါတလေ ခန်းမမှာရှိတယ် ကြားတယ်။ စစ်ကောင်စီတပ်သား သုံးကောင်နဲ့အထက် ကျဆုံးတယ်။ ဆွဲထုတ်လာတာတော့ ကိုးကောင်လောက်ရှိ တယ်” ဟု NPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစစ်ကောင်စီတပ်များသည် အာဏာသိမ်းချိန်မှစတင်ကာ နွားထိုးကြီးမြို့ရှိ ဆောက်လုပ်ရေးရုံးနှင့် မြို့တော်ခန်းမတွင် တပ်စွဲထားခြင်းဖြစ်ပြီး စခန်းတစ်ခုလျှင် တပ်အင်အား ၄၀ ခန့် ရှိသည်ဟု ဆိုသည်။

နွားထိုးကြီး PDF သည် ပြီးခဲ့သော ဇွန်လ ၂၆ ရက်နေ့က မြင်းခြံခရိုင်အတွင်းရှိ ရန်ကုန်-မန္တလေး အမြန် လမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

#Mizzima

#မန္တလေးတိုင်း

#နွားထိုးကြီးမြို့

#စစ်ကောင်စီတပ်ဖွဲ့

#မြို့တော်ခန်းမ

#ပစ်ခတ်တိုက်ခိုက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly