ယူကရိန်းကို ရုရှားကျူးကျော်မှုတွင် တရုတ်ကုမ္ပဏီများက အကူအညီပေးနေဟု အမေရိကန် စွပ်စွဲ

ယူကရိန်းကို ရုရှားကျူးကျော်မှုတွင် တရုတ်ကုမ္ပဏီများက အကူအညီပေးနေဟု အမေရိကန် စွပ်စွဲ

ယူကရိန်းကို ရုရှားကျူးကျော်မှုတွင် တရုတ်နိုင်ငံမှ ကုမ္ပဏီများစွာနှင့် သုတေသနဌာနများစွာက အထောက်အကူပေးနေကြောင်း အမေရိကန်က စွပ်စွဲထားသည်ဟု အမေရိကန် စက်မှုနှင့် လုံခြုံရေးဗျူရို (BID) က ဆိုသည်။

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနသည် စည်းမျဉ်းသစ်ထုတ်ပြန်ခဲ့ပြီး ယူကရိန်းကို ရုရှားကျူးကျော်မှုအား တုံ့ပြန်သည့်အနေဖြင့် ပို့ကုန်ထိန်းချုပ်မှုများ ချမှတ်ပြီးနောက်ပိုင်း အထူးသဖြင့် ရုရှား၏စစ်ရေးအားထုတ်မှုကို ဆက်လက်ပံ့ပိုးပေးသည့် ကုမ္ပဏီ ၆ ခုအပါအဝင် နိုင်ငံ ၉ နိုင်ငံမှ ကုမ္ပပေါင်း ကုမ္ပဏီအဖွဲ့အစည်းပေါင်း ၃၆ ခုကို ကန့်သတ်စာရင်းထဲထည်သွင်းလိုက်သည်။

ကုမ္ပဏီ ၆ ခုသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်ကနည်းက ရုရှားစစ်ဘက်ရေးအတွက် ဆက်လက်ထောက်ပံ့ရန် စာချုပ်များချုပ်ဆိုထားသဖြင့် အမေရိကန်နည်းပညာများနှင့် ပစ္စည်းများကို သုံးစွဲခွင့် ကန့်သတ်ခံထားရသည်။

ရုရှားစစ်တပ်ကို ၂၀၁၈ ခုနှစ်ကတည်းက ပံ့ပိုးလာခဲ့ပြီး စည်းမျဉ်းသစ်ပြဋ္ဌာန်းပြီးနောက်ပိုင်းလည်း ဆက်လက်ထောက်ပံ့နေသည့် ကန့်သတ်စာရင်းပါ တရုတ်ကုမ္ပဏီ ၂ ခုကိုလည်း ကူသန်းရောင်းဝယ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။

ကူးသန်းရောင်းဝယ်ရေးဌာနက အမည်ပျက်စာရင်းအပါအဝင် အခွန်ရှောင်ခြင်းများကို တားဆီးနိုင်ရန် ရုရှားအပေါ် ပို့ကုန်ထိန်းချုပ်မှု ပြင်းပြင်းထန်ထန် လုပ်ဆောင်မည်ဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းရှိ စက်မှုလုပ်ငန်းများနှင့် အစိုးရများကို ပြတ်ပြတ်သားသားပြောကြားလိုက်သည်။

“အမေရိကန်နဲ့ မိတ်ဖက်တွေ မဟာမိတ်တွေက ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်စေတဲ့ ရုရှားရဲ့ နည်းပညာတွေနဲ့ ပစ္စည်းတွေဟာ ဘယ်ကပဲထောက်ပံ့သည်ဖြစ်ပါစေ ဘယ်နေရာမှာပဲ ရှိရှိ လက်မခံဘဲ ယူကရိန်းကိုယ်စား ကျွန်တော်တို့ရဲ့ တူညီတဲ့ ဆုံးဖြတ်ချက်တွေကို ဆက်လက်ပြသသွားမှာပါ။

ကျွန်တော်တို့ရဲ့ စည်းမျဉ်းတွေက ရှင်းပါတယ်။ အင်အားစုတွေက စည်းမျဉ်းတွေချိုးဖောက်ဖို့ ကူညီတဲ့အခါမှာလည်း အရေးယူဖို့ တွန့်ဆုတ်နေမှာမဟုတ်ပါဘူး” ဟု ပို့ကုန်ထိန်းချုပ်ရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မက်သရူး အက်စ်အက်ဇဲလ်ရော့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly