မင်းတပ်မြို့နယ် ချပ်ရွာတွင် မပေါက်ကွဲသေးသည့်ဗုံးဆန်များကြောင့် ပြည်သူများထိတ်လန့်နေ

မင်းတပ်မြို့နယ် ချပ်ရွာတွင် မပေါက်ကွဲသေးသည့်ဗုံးဆန်များကြောင့် ပြည်သူများထိတ်လန့်နေ

ဇူလိုင် ၆

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ချပ်ရွာသို့ ဇူလိုင်လ ၂ ရက်နေ့ က တိုက်လေယာဉ်နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ရွာထဲတွင် မပေါက်ကွဲသေးသည့်ဗုံးဆန်များရှိနေကြောင်း သိရသည်။

အဆိုပါ မပေါက်ကွဲသေးသည့်ဗုံးဆန်များကြောင့် ကျေးရွာနေပြည်သူများထိတ်လန့်နေကြပြီး အချိန်မရွေး ပေါက်ကွဲနိုင်ခြင်းကြောင့် စိုးရိမ်နေရသည်ဟုလည်း သိရသည်။

“ရွာထဲမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆန် လေးလုံးလောက်ရှိတယ်။ အိမ်နားမှာဆိုတော့ အိမ်ထဲလည်း မသွား ရဲကြဘူး ဖြစ်နေတယ်။ ဗုံးဆန်တစ်လုံးရဲ့အရွယ်က UPG အိမ်သုတ်ဆေးပုံးကြီး အရွယ်အစား လောက်ရှိ တယ်” ဟု ဗုံးဆန်တွေ့ရှိသူတစ်ဦးက ဆိုသည်။

မင်းတပ်မြို့နယ် ချပ်ရွာ၊ တွီရိန်နှင့် စွန်တောင်ကျေးရွာတို့ကို ဇူလိုင်လ ၂ ရက်နေ့က စစ်ကောင်စီတပ်မှ တိုက်လေယာဉ်နှစ်စီးဖြင့် လေကြောင်းမှတိုက်ခိုက်မှုကြောင့် ပြည်သူလေးဦး အသက်ဆုံးရှုံးခဲ့ပြီး ချပ်ရွာ အတွင်းရှိ လူနေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့သည်။

ပုံ - The Mindat post

#Mizzima

#ချင်းပြည်နယ်

#မင်းတပ်မြို့နယ်

#ချပ်ရွာ

#မပေါက်ကွဲသေးသည့်ဗုံးဆန်

#လေကြောင်းမှတိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly