ပြည်သူ့ကာကွယ်ရေးတပ် လွိုင်ကော် PDF ထူထောင်ခြင်း ၁ နှစ်ပြည့်အခမ်းအနားပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ် လွိုင်ကော် PDF ထူထောင်ခြင်း ၁ နှစ်ပြည့်အခမ်းအနားပြုလုပ်

ဇူလိုင်လ ၅ ရက်

ယနေ့ ဇူလိုင်လ ၅ ရက်နေ့မှာ လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ် PDF ထူထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ​တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ၊ တာဝန်ထမ်းဆောင်ဆဲ စတဲ့ ရဲဘော်များအားလုံးကို အိမ်မပြန်ရတာ ကြာပြီဖြစ်တာကြောင့် ပစ္စည်းတွေ ပို့ရင်း အိမ်ပြန်ဖို့ မိဘတွေကို ပြန်ကန်တော့ နုတ်ဆက်ခွင့်ပေးခဲ့သည်ဟု လွိုင်ကော် PDF က ယနေ့ ဇူလိုင်လ ၅ ရက်နေ့မှာ ထုတ်ပြန်ထားသည်။

လွိုင်ကော် PDF ဟာ တကယ်တော့ ၁၈. ၅. ၂၂ နေ့မှာ တစ်နှစ်ပြည့်တာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အခုချိန်မှ တစ်နှစ်ပြည့်အခမ်းအနား အစီစဉ်ကို ပြန်လည် အကောင်အထည် ဖော်နိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

လွိုင်ကော် PDF တပ်ဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ရင်း အရေးတော်ပုံ အောင်မှ အိမ် အပြီးပြန်မယ်လို့ ဆုံးဖြတ်ထားတဲ့ ရဲဘော်များကိုလည်း နာရီပိုင်းသာ အိမ်ပြန်ခဲ့ကြပြီး မိဘ နှင့် သားသမီးကို တွေ့ဆုံကာ ရှေ့တန်းပြန်ထွက်ခဲ့ကြသည်ဟု ဆိုသည်။

အိမ်ကို ပြန်လို့ မဖြစ်နိုင်သည့် တချို့ရဲဘော်တွေကတော့ online ကနေပဲ အိမ် နှင့် မိဘများကို နှုတ်ဆက်ခဲ့ကြသည်ဟုလည်း ဖော်ပြထားသည်။

လွိုင်ကော် PDF အနေဖြင့် တစ်နှစ်အတွင်းမှာ တိုက်ပွဲပေါင်း မြောက်မြားစွာ ဆင်နွှဲပြီး ဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင်မြောက်မြားစွာကို သုတ်သင်နှိမ်နင်းခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly