၂ လတာအတွင်း စစ်ကောင်စီတပ်သား ၆၀ ကျော် သုတ်သင်နိုင်ကြောင်း CNO/CNDF ထုတ်ပြန်

၂ လတာအတွင်း စစ်ကောင်စီတပ်သား ၆၀ ကျော် သုတ်သင်နိုင်ကြောင်း CNO/CNDF ထုတ်ပြန်

ဇူလိုင် ၅

ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း မေလနှင့်ဇွန်လ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၆၆ ဉီးအား သုတ်သင်နိုင်ခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ တပ်မတော် CNO/CNDF မှ ဇူလိုင်လ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

မေလ ၂ ရက်နေ့မှ စ၍ ဇွန်လ ၂၁ ရက်အတွင်း စစ်ကောင်စီတပ်နှင့် ကလေးမြို့နယ်တွင် ခုနစ်ကြိမ်၊ ဖလမ်း မြို့နယ်တွင် လေးကြိမ် စုစုပေါင်း ၁၁ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF မှ ရဲဘော်လေးဉီး ဒဏ်ရာရရှိခဲ့ပြီး တစ်ဉီး တိုက်ပွဲတွင်ကျဆုံးခဲ့ကာ မိုင်းမတော်တဆမှုကြောင့် နှစ်ဉီးကျဆုံး ကြောင်းဆိုသည်။

၎င်းအပြင် မေလအတွင်း စစ်ကောင်စီတပ်က ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာမှ နေအိမ် ၁၀ လုံး၊ တလန်ဇာရ်ကျေးရွာမှ နေအိမ် ၁၇ လုံး၊ ပါရ်သဲကျေးရွာမှ နေအိမ်ခြောက်လုံး၊ဇောင်လေးကျေးရွာမှ နေအိမ် ငါးလုံး လူနေအိမ် စုစုပေါင်း ၃၈ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

CNDF စတင်တည်ထောင်ပြီးချိန်မှစ၍ တနှစ်ကျော်ကာလအတွင်း စစ်ကောင်စီနှင့်ဖြစ်ပွားသော တိုက်ပွဲ များအတွင်း ရဲဘော် ၂၂ ဉီး ကျဆုံးခဲ့ပြီးကြောင်း သိရှိရသည်။

လတ်တလော ချင်းပြည်နယ်ဖလမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ အင်းအားအလုံးအရင်းဖြင့်တိုးချဲ့ လျက်ရှိနေပြီး တံတားများပြုပြင်ရန် စီစဉ်နေကြောင်း CNDF တာဝန်ရှိသူထံမှ သိရသည်။

ဟားခါးနှင့်ထန်တလန်ကြားတွင်ရှိသော သီးမစ်တံတားကို ပြင်ဆင်ဖွယ်ရှိပြီး အဆိုပါတံတားအား ကာကွယ်ရေးတပ်ဖွဲ့များမှ ဖောက်ခွဲဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်များ မြေပြင်မှချီတက်၍ မရတော့ ဘဲ ဝေဟင်မှသာ အင်အားဖြည့်တင်းခြင်း၊ ရိက္ခာပို့ဆောင်ခြင်းများ ပြုလုပ်နေရကြောင်းဆိုသည်။

အင်အား ၂၅၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့များသည် ထင်ရှုးစခန်း၊ လုံဘန်းနှင့် ပါရ်သဲတို့တွင် နေရာခွဲ၍ စခန်းချနေကြောင်းနှင့် ထင်းရှုးစခန်းတွင် စခန်းအထိုင်ချရန် ကတုတ်ကျင်းများတူးနေကြ ကြောင်းဆိုသည်။

#Mizzima

#ချင်းပြည်နယ်

#CNO/CNDF

#ဖလမ်းမြို့နယ်

#ကလေးမြို့နယ်

#စစ်ကောင်စီတပ်သား

#သုတ်သင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly